(17)သခင်လေးပျောက်ဆုံးခြင်း

11.8K 1.2K 38
                                    

[Zaw Gyi]

"မင်းသားလေး မင်းသားလေး
သခင်လေးရှောင်ကျန့်
ပျောက်နေကြောင်းပါ
နန်းတော်တစ်ခုလုံးရှာပေမယ့်မတွေ့တော့ပါဘူး"

"ဘာ!!!!!!မင်းတို့တွေသူ့ကိုသေချာ
မစောင့်ကြည့်ထားကြဘူးလား"

"ကျနော်တို့အမှားပါ မင်းသားလေး"

"ငါကိုယ်တိုင်နန်းပြင်ထွက်ရှာမယ်
သူ့နန်းဆောင်မှာသေချာစောင့်ကြည့်ထား
သူပြန်လာမလားလို့"

"ကောင်းပါပြီ မင်းသားလေး"
......................................................

ပထမဆုံးနေ့က ရှောင်ကျန့်
သောင်းကျန်းထားမှုကြောင့်
မင်းသားလေးသူ့ဆီ ၁ပတ်လုံး
အရိပ်အယောင်လေးတောင်
ရောက်မလာခဲ့၍ ရင်ထဲ၌
တစ်မျိုးကြီးဖြစ်နေသည်

"သူမလာတာ ငါကပျော်ရမှာလေ
မင်းဘာဖြစ်နေပြန်ပီလဲ ရှောင်ကျန့်ရေ
ယောက်ျားနောက်တစ်ယောက်ကို
ထပ်ပီးfall in loveဖစ်နေပြန်ပီလား
အား.....စိတ်တိုလိုက်တာ"

ရှောင်ကျန့်တစ်ယောက်တည်း
ညည်းတွားနေရင်း
နန်းတော်ထဲမှာသူ့ကိုဂရုစိုက်မယ့်သူလည်း
မရှိတာကြောင့်
နန်းပြင် ခဏ ခိုးထွက်ရန်ကြိုးစားသည်

နန်းတော်ကခိုးထွက်ရင်း
အရင်ကပိုင်စဲ့ကောကောနှင့်ဆုံခဲ့တဲ့
အဖြစ်အပျက်တွေကို
ပြန်တွေးနေမိသည်

ထို့နောက်
ပိုင်စဲ့ကောကောနှင့်အတူသွားဖူးသောနေရာများသို့
ခြေလှမ်းများက သူ့အလိုလိုရောက်သွားပီး
လိုက်ရှာနေမိသည်

ထိုအချိန်မှာပဲ
လူအုပ်ကြားထဲမှရှောင်ကျန့်ကို
လူတစ်စုက ဖမ်းခေါ်သွားသည်

"မင်း အော်ရင် ဒီနေရာမှာတင်သတ်ပစ်မှာ
ပါးစပ်အသာပိတ်ပီး လိုက်ခဲ့"

ရှောင်ကျန့်လည်းအလွန်ကြောက်နေပီး
ထိုလူများဆွဲခေါ်ရာနောက်သို့
ပါသွားလေသည်

ထိုလူတစ်စုက
သူ့ကို တောအုပ်တစ်ခုထဲသို့
ခေါ်သွားကြသည်
ရှောင်ကျန့်လည်း
ကူညီမယ့်သူပေါ်လာပါစေဟုသာ
ဆုတောင်းနေမိသည်

"သခင်မလေး ကျနော်တို့သူ့ကိုဖမ်းလာပါပီ"

"သိပ်ကောင်းတယ်
ဒါပေမယ့်ဘာလို့သူတစ်ယောက်တည်းလဲ
မျက်နှာဖုံးနဲ့လူရော"

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeDonde viven las historias. Descúbrelo ahora