S2(6)ချိုမြိန်​သောခရီးတစ်ခု(Final)

8.1K 575 19
                                    

[Unicode]

[Unicode]

"ယုန်...က​...​​လေး"

​နောက်​နေ့မနက် ၀မ်ရိ​ပေါ်အိပ်ရာနိုးလာ​​တော့
ကုတင်​ဘေးမှာ အိပ်​ပျော်​နေတဲ့
​ရှောင်ကျန့်ကို​​​တွေ့လိုက်ရတယ်

​ရှောင်ကျန့်ဆံပင်များအား သပ်​ပေးရန်
ကြိုးစား​နေတုန်း ​ရှောင်ကျန့်နိုးလာ​​တော့သည်

"၀မ်ရိ​ပေါ် မင်းနိုး​​နေပြီလား
ငါမနက်စာပြင်​ပေးမယ် အဆင်သင့်ဖြစ်ရင်
ထွက်လာခဲ့"

ထသွားရန်ပြင်​နေတဲ့​ရှောင်ကျန့်လက်ကို
လှမ်းဆွဲလိုက်ပြီး

"အကို မ​​နေ့က..."

"မ​​နေ့ကမင်းမူးပြီးအိပ်​ပျော်သွားလို့
ငါပြန်သယ်လာတာ
ကျန်တာ​နောက်မှဆက်​ပြောရ​အောင်"

ထမင်းစားပွဲ​ရောက်​တော့
​ရှောင်ကျန့်က

"မင်းမ​​နေ့ညက ​ပြောတာ​တွေ မှတ်မိ​သေးလား"

၀မ်ရိ​​ပေါ်သည် ညက သူယုန်က​လေးဟု
​​ခေါ်လိုက်မိသည်ထိ သူမှတ်မိ​သေးသည်
ထို့​နောက်မှ သူဆိုင်မှာ ​ဒေါသထွက်ပြီး
​​သောက်ထားသည်များ လက္ခဏာပြပြီး
အိပ်​ပျော်သွားတာဖြစ်မည်ထင်သည်

"ကျွန်​တော် မမှတ်မိဘူး"

"မင်း တစ်ခုခု​ခေါ်လိုက်​သေးတယ်​လေ"

"​တောင်းပန်ပါတယ် တကယ်မမှတ်မိတာ
​ကျောင်းသွား​ရ​အောင်"

"မင်းရူး​နေလား ​ဒီ​နေ့ကျောင်းပိတ်တယ်​လေ"

"​အော် ဟုတ်သားပဲ"

အမူအရာပျက်​နေ​​တော့
၀မ်ရိ​ပေါ့်ကို ကြည့်ပြီး ​ရှောင်ကျန့်စိတ်ထဲ
​သံသယ​​တွေများလာသည်

သူ​မေးသမျှမမှတ်မိဘူး ​​ပြော​နေတာ​ကြောင့်
ဆက်မ​​မေးရန်သာ ဆုံးဖြတ်လိုက်သည်

"ဒါနဲ့ ၀မ်ရိ​​ပေါ် မင်းဒီ​​နေ့အားလား"

"အားပါတယ် ဘာလို့လဲ"

"ငါဒီ​​နေ့ ရှုခင်းတစ်ခု
ဓါတ်ပုံသွားရိုက်မို့ လိုက်ဦးမလား
​အခြားနယ်မာဆို​တော့
ဒီ​နေ့သွားပြီး နက်ဖန်မှပြန်​ရောက်မှာ"

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeOù les histoires vivent. Découvrez maintenant