[Zaw Gyi]
"သခင်လေးရှောင်ကျန့်ကို
မင်းသားလေးမှ
ဆင့်ခေါ်ပါတယ်
အမြန်ဆုံးမင်းသားလေးအဆောင်သို့
လာခဲ့ပါ"မင်းသားလေးဆင့်ခေါ်သည်ကို
ကြားပီး
ငိုတော့မတတ်ဖြစ်နေသည့်
သခင်လေးရှောင်ကျန့်မျက်နှာကို
ကြည့်ပီး ရှောင်ဖုန်းတို့ရီချင်စိတ်ကို
မနည်းထိန်းထားရသည်မင်းသားလေးဆီသွားသော
သခင်လေးနောက်ကျောကိုကြည့်ပီးရန်လေးက
"အကိုဖုန်း သခင်လေး
ဘာအမှားလုပ်ထားမိလဲမသိဘူး""သခင်လေးက
အခုနောက်ပိုင်း
တော်တော်ပြောင်းလဲသွားတာနော်
အရင်ကဒီလိုမဟုတ်ဘူး""သခင်လေးအဆင်ပြေပါစေ
ကျနော် စိတ်ပူတယ် အကိုဖုန်းရေ""စိတ်မပူပါနဲ့
မင်းသားလေးဆိုတဲ့သူက
သခင်လေးကိုတစ်ခုခုလုပ်မယ့်ပုံ
မပေါ်ပါဘူး"..................................................
မင်းသားလေးနန်းဆောင်ကိုရောက်တော့
ရှောင်ကျန့်လည်း မဝင်ရဲပဲ
အပြင်မှာသာ
ရပ်နေမိသည်အထဲမှ မင်းသားလေး၏
ကိုယ်ရံတော်အမြွာနှစ်ဦးထွက်လာပီး
အထဲသို့ဝင်ရန် ပြောသည်အထဲရောက်တော့
မင်းသားလေးက
"ဘာလို့်ကြာနေတာလဲ
ငါ့ကိုအရေးမလုပ်တာလား""မ မဟုတ်ရပါဘူး ကျ...ကျနော်"
စိတ်ထဲတွင်အလွန်ကြောက်နေမိ၍
စကားများပင်ထစ်နေသည်ငါသေရတော့မာလား
ငါ့ကိုမင်းသားလေးအမျက်ထွက်ပီး
ကိုယ်တိုင်သတ်မလို့လား
တော်ကြာငါ့နှုတ်ခမ်းလေးကို
လှီးပစ်ရင်ရော အီးဟီးဟီး
ကယ်ကြပါဦး....."မင်း ဘာတွေတွေးနေတာလဲ"
"ကျနော့်ကိုမသတ်ပါနဲ့
ကျနော်အမှားပြုမိတာသိပေမယ့်
ကျနော်မသေချင်သေးဘူး "
ဆိုပီး ရှောင်ကျန့်ဒူးထောက်မတတ်
တောင်းပန်မိသည်"အဟက်"
မိမိရှေ့မှ အရမ်းကြောက်နေရှာသော
ယုန်ကလေးနှင့်တူသည့်
ကောင်လေးအား
ဝမ်ရိပေါ်ကြည့်ရင်းရီမိသည်
မိမိကိုခံစားချက်မျိုးစုံပေါ်လာအောင်
ဆွဲဆောင်နိုင်သော တစ်ယောက်တည်းသောသူက
ရှောင်ကျန့်ပဲဖြစ်သည်
ВЫ ЧИТАЕТЕ
My Prince(Yibo❤️XiaoZhan) Zawgyi & Unicode
Фанфик[Unicode] 21ရာစုကကောင်လေးတစ်ယောက် အရင်ခေတ်ကိုပြန်ရောက်သွားပြီး အချစ်ဆိုတဲ့အရာကိုရှာတွေ့ပီးနောက် XiaoZhan-ငါမင်းကိုအရမ်းချစ်မိနေပီ Yibo-ငါကတော့မင်းကိုချစ်တယ်ဆိုတာထက်ပိုတယ် [Zaw Gyi] 21ရာစုကကောင်လေးတစ်ယောက် အရင်ခေတ်ကိုပြန်ရောက်သွားပြီး အချစ်ဆိုတဲ့အရာက...