(12)အဖြူရောင်ကမ်ဘာလေး

10K 1.1K 36
                                    

[Zaw Gyi]

ရှောင်ကျန့်နန်းတော်ကပြန်ရောက်ပီး
နောက်တစ်ပတ်အကြာ.........

"သခင်လေး လူတစ်ယောက်က
သခင်လေးကိုတွေ့ချင်လို့တဲ့"

"အမ် ဘယ်သူကလဲ"

"ပိုင်စဲ့ကောကောလို့ပြောပါတယ်"

"ဘာ.....
ကောင်းပီ ဝင်လာခိုင်းလိုက်"

ရှောင်ကျန့်တွေးမိသည်က
ပိုင်စဲ့ကောကောက
သူ့ကိုဘယ်လိုသိပီး
ဒီအိမ်တော်ကိုဘယ်လိုသိပီးများ
ရောက်လာတာလဲ
ဟိုနေ့ကအနမ်းကြောင့်များလား

"ယုန်ကလေး ဘာတွေတွေးနေတာလဲ"

"နမ်းတဲ့အကြောင်း အဲ မဟုတ်ပါဘူး
ဘာမှမတွေးဘူး"
တစ်ခုခုဆို ပါးစပ်ကလွှတ်ခနဲ
ထွက်သွားတတ်တဲ့အကျင့်ကြောင့်
ရှောင်ကျန့်ကိုယ့်ကိုယ်ကိုဒေါသထွက်နေမိသည်
ပိုင်စဲ့ကောကောကိုမကြည့်ရဲသည်မို့
ခေါင်းသာငုံ့ထားမိသည်

"ယုန်ကလေး
မင်းကြောင့်ငါဒုက္ခရောက်နေပီသိလား
မင်းတာဝန်ယူရမယ်"

"အမ် ဘာကိုလဲ"
ရှောင်ကျန့်လည်းလန့်သွားမိသည်
တာဝန်တွေ အမိန့်တွေဆိုတာကို
ရှောင်ကျန့်အရမ်းကြောက်နေပီဖြစ်သည်

"မင်းကြောင့် ငါအိပ်လို့လည်းမရ
စားလို့လည်းမရနဲ့ မင်းမျက်နှာလေးကိုပဲ
မြင်ယောင်မိနေတာ"

"ဘာမှလည်းမဆိုင်ဘူး"

"ဘာလို့မဆိုင်ရမှာလဲ
ယုန်ကလေးနော် နမ်းတုန်းကနမ်းပီးတော့"

"အာ ဘာတွေပြောနေတာလဲ
အဲ့နေ့ကမတော်တဆပါ
ခင်များ စိတ်ထိခိုက်သွားရင်
sorry အာ မှားလို့ တောင်းပန်တယ်လို့"

"မတော်တဆဟုတ်လား
ရတယ်လေ အဲ့မတော်တဆကြီးကို
ဒီအိမ်တော်တစ်ခုလုံးသိသွားအောင်
လုပ်မှာပေါ့
သခင်လေးရှောင်ကျန့်က
ကျနော့်ကိုစားပြီးနားမလည်လုပ်ပါတယ်လို့
လိုက်ပြောမှာ"

"ဟမ် ဘာစားမိလို့လဲ
ခင်များနော် ကျနော့်ကိုအကြပ်မကိုင်နဲ့
ခင်များဘာလိုချင်လို့လဲ ပြော"

"ငါလိုချင်တာတကယ်ပြောရမှာလား"

"မပြောနဲ့တော့ဗျာ"

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeWhere stories live. Discover now