ရွှေချိုးကူရွာ...
ရွှေချိုးကူချောင်း၏ချောင်းကမ်းဘေးတွင်နွားတစ်အုပ်ရေသောက်ဆင်းနေသည်။အသက်(၁၄)
နှစ်အရွယ်ကောင်လေးနှစ်ယောက်ကနွားအုပ်
ရေသောက်ဆင်းတာကိုစောင့်နေကြသည်။သူတို့နှစ်ယောက်ကကြာညိုနဲ့ဇွဲပြည့်စုံဆိုတဲ့ကောင်လေးနှစ်ယောက်။သူတို့နှစ်ယောက်ကလွယ်အိတ်တစ်လုံးစီစလွယ်သိုင်းထားကြသည်။လွယ်အိတ်ထဲမှာစာအုပ်
တွေပါသည်။ကျောင်းပိတ်ရက်မှာနွားကျောင်းရင်းစာကျက်ဖို့ထွက်လာကြခြင်းဖြစ်သည်။ဇွဲပြည့်ကသူ့လွယ်အိတ်ထဲကဖုန်းသံကြောင့်ဖုန်းကိုထုတ်ကြည့်လိုက်သည်။“ဟယ်လို…အဘိုး"
“မင်းနွားမကြီးမွေးပြီကွ”
“ဟုတ်လားအဘိုး။ကျွန်တော်အခုလာကြည့်
မယ်"“အပြန်မှကြည့်ပါလား"
“ဟင့်အင်းအခုကြည့်မှာ”
ဇွဲပြည့်ကဖုန်းချပြီး-
“ကြာညို…ငါ့နွားပေါက်လေးငါသွားကြည့်ဦးမယ်။မင်းဒီနွားတွေကိုငါ့အဘိုးကုန်းကွက်ဆီမောင်းသွားလိုက်တော့”
“အေးပါ။မင်းမြန်မြန်ပြန်လာနော်"
“အင်း…"
ဇွဲပြည့်ကပုဆိုးစလွယ်သိုင်းပြီးရွာဆီပြန်ပြေးသွားသည်။ကြာညိုကနွားအုပ်ကိုရေစပ်ကနေကုန်းပေါ်သို့မောင်းနေသည်။ရုတ်တရတ်ချောင်းရေထဲမှာလူတစ်ယောက်မျောလာတာကိုတွေ့လိုက်ရသည်။သစ်တုံးကိုဖက်ပြီးမျောလာသည့်လူတစ်ယောက်။ရွှေချိုးကူချောင်းရဲ့အထက်မှာတောင်တွေရှိသည်။တောင်ကျရေတွေစီးလာတဲ့အချိန်ဆိုရေစီးသန်လွန်းတာကြောင့်ကျွဲတွေ
နွားတွေပါမျောလာတတ်သည်။အခုဟာကမိုးလည်းမရွာ၊တောင်ကျရေလည်းမစီးဘဲလူတစ်ယောက်မျောလာသည်။ကြာညိုရေထဲဆင်းလိုက်တော့ချောင်းလယ်ကရေကရင်ခေါင်းထိနစ်သည်။ကြာညိုရေထဲကလူကိုချောင်းစပ်
သို့ဆွဲခေါ်လာခဲ့သည်။လေးလံလှသည့်ခန္ဓာကိုယ်ကြီးကရေထဲတစ်ဝက်ကုန်းပေါ်တစ်ဝက်။“ဒီမှာဗျ…ဒီမှာ။ခင်ဗျားသတိရလား”
ထိုလူကမျက်လုံးဖွင့်ကြည့်သည်။ကြာညိုထိုလူ
ကြီးတစ်ကိုယ်လုံးကိုအကဲခတ်ကြည့်လိုက်သည်။တစ်ကိုယ်လုံးအနက်ရောင်အဝတ်အစားတွေဝတ်ထားသည်။ဗိုက်မှာကဒဏ်ရာရထားပုံပေါ်သည်။သူ့လက်နဲ့အုပ်ထားပြီးသွေးတွေထွက်
နေသည်။သူ့ခန္ဓာကိုယ်ကအကြီးကြီးဆိုတော့
ကုန်းပေါ်ထိတစ်ကိုယ်လုံးရောက်အောင်သူလည်းဆွဲမတင်နိုင်။ထိုလူကသူ့ကိုစိုက်ကြည့်ပြီး-