ညနေခင်းတွင်ပိုင်ဇေလုပ်ငန်းခွင်ထဲကနေအိမ်
ပြန်လာသည်။အိမ်ဝင်းတံခါးရှေ့ကိုရောက်တော့မင်္ဂလာမရှိတဲ့မြင်ကွင်းကဆီးကြိုနေသည်။ကြာညိုကခြံတံခါးရှေ့မှာလူတစ်ယောက်နဲ့စကား
ပြောနေသည်။ခြံစောင့်ကတံခါးရှေ့မှာရပ်ပြီး
စောင့်ကြည့်နေသည်။ကြာညိုနဲ့စကားပြောနေတဲ့သူကရွှေချိုးကူရွာကဘုန်းကျော်ဆိုတဲ့သူ။စပါးပွဲစားလိုလို၊ငရုတ်ပွဲစားလိုလိုနဲ့ယောင်ခြောက်ဆယ်လုပ်နေတဲ့သူ။အဘိုးဦးပန်းညိုဆီပိုင်ဇေလာတာကကြာညို့ကိုလိုချင်လို့လေ။ဒီကောင်ကလည်းဘာမို့လို့လဲ။မြွေ
မြွေချင်းဆိုတော့ခြေမြင်တာပေါ့။သူကားပေါ်ကဆင်းပြီးကားတံခါးကိုဝုန်းခနဲ့ဆောင့်ပိတ်လိုက်
သည်။ပိုင်ဇေ့ကိုမြင်တော့ဘုန်းကျော်ကကြာညို့ကိုနှုတ်ဆက်ပြီးဆိုင်ကယ်ကိုမောင်းကာထွက်သွားသည်။ပိုင်ဇေကြာညို့ကိုအကြည့်စူးစူးတွေနဲ့စိုက်ကြည့်လိုက်သည်။ကြာညိုက-
"သူကကျွန်တော်နဲ့စကားပြောချင်တယ်ဆို
လို့ပါ""ဆက်ပြော"
"တစ်ရွာတည်းသားတွေဆိုတော့ကျွန်တော့်
ဘက်ကပြန်မပြောလို့မကောင်းဘူးလေ""အဲဒါနဲ့ပဲသူကမင်းလက်ကိုဘာလို့ကိုင်တာလဲ"
သူ့စကားကြောင့်ကြာညို့လက်နှစ်ဖက်ကခန္ဓာကိုယ်နောက်ကိုရောက်သွားသည်။ကြာညို့လက်ထဲမှာတစ်ခုခုဆုပ်ကိုင်ထားတာမြင်လိုက်
တာကြောင့်-"ပြစမ်း"
ပိုင်ဇေကြာညို့လက်ကိုဆတ်ခနဲ့ဆွဲလိုက်သည်။
ကြာညို့လက်ထဲမှာအဖြူ ရောင်ဘူးလေးတစ်
ဘူး။ပိုင်ဇေဖွင့်ကြည့်လိုက်သည်။နာရီလေးတစ်လုံးဖြစ်နေသည်။"ဒါကဘာလဲ"
"ကျွန်တော်မြို့ပေါ်ကိုကျောင်းတက်ဖို့ရွှေ့လာ
တုန်းကလက်ဆောင်မပေးလိုက်ရလို့တဲ့။လက်
ဆောင်လာပေးတာ"ပိုင်ဇေမျက်နှာကိုမဲ့ပစ်လိုက်သည်။
"သူများပေးတိုင်းယူစရာလား။မင်းလိုတာမှန်သမျှငါပေးနိုင်တယ်။ငါပေးတာပဲယူ"
ပြောပြောဆိုဆိုနာရီလေးကိုလမ်းဘေးရေမြောင်းထဲဝှီးခနဲ့လွှင့်ပစ်လိုက်သည်။