ရွှေချိုးကူရွာထိပ်မှာတည်ထားသည့်ဆန်စက်ဝင်း
ကြီးထဲတွင်ဂိုထောင်ကြီးတစ်လုံးရှိသည်။အောင်စေကဂိုထောင်ထဲတွင်ရှိနေသည့်ပစ္စည်းတွေကိုစစ်ဆေးနေသည်။ဂိုထောင်ကြီးထဲမှာထည့်ထားတာတွေကကျောက်စိမ်းအရိုင်းတုံးတွေ။အောင်စေသူ့အကိုဆီဖုန်းဆက်လိုက်သည်။“အကိုဂိုထောင်(၃)ကပစ္စည်းတွေကိုဆန်စက်ဝင်းထဲအကုန်ရွှေ့ပြီးသွားပြီ"
“ဟိုမှာဘာကျန်သေးလဲ"
“ဘာမှမကျန်ဘူးအကို"
”ကောင်းတယ်။ဂိုထောင်(၃)ရဲ့စခန်းနေရာကိုမီးရှို့ပြီးအစဖျောက်လိုက်တော့။အဲဒီမှာတာဝန်ချထားတဲ့လူတွေကိုဂိုထောင်(၁)(၂)ရှိတဲ့ဆီသွားပူးပေါင်းခိုင်းလိုက်။အဲဒီကပစ္စည်းတွေကိုဒီမ
သယ်တော့ဘူး။တစ်ဖက်ကဝယ်လက်နဲ့ချိတ်ပြီး
တစ်ခါတည်းဟိုဘက်ကိုပို့မယ်။ဒီကြားထဲလမ်း
ကြောင်းအခြေအနေကိုစုံစမ်းထား"“ဟုတ်ကဲ့အကို"
အောင်စေဖုန်းချလိုက်ရင်းသက်ပြင်းပါချမိသည်။အကိုကဒီမှောင်ခိုလောကထဲကနေအပြီးအပိုင်
ထွက်သွားဖို့ကြိုးစားနေသည်။စခန်းတောင်အစ
ဖျောက်ခိုင်းနေသည်။ဒီလက်ကျန်ကျောက်စိမ်းတုံးတွေကတော့သူဥထားဦးမယ်ထင်ပါရဲ့။အောင်စေမြို့ကိုပြန်ရောက်တော့ပိုင်ဇေကကလေးနှစ်ယောက်ကိုသေချာစောင့်ရှောက်ထားလိုက်လို့ပြောပြီးချက်ချင်းပဲခရီးထွက်သွားသည်။သူထင်တဲ့နေရာကိုသွားတာဆိုရင်တော့တစ်ပတ်လောက်တော့ကြာပေလိမ့်မည်။တကယ်လည်းပိုင်ဇေကသူထင်တဲ့နေရာကိုသွားခဲ့တာဖြစ်သည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိသည့်နာမည်ကြီးအထူးကုဆေးရုံကြီး၏ငွေရှင်းကောင်တာတွင်ပိုင်ဇေငွေသွင်းနေသည်။အောင်စေပစ္စည်းပို့တုန်းကပစ္စည်းဖိုးငွေတွေကိုမြန်မာဘက်သယ်မလာခိုင်းဘဲထိုင်းဘဏ်တစ်ခုမှာပဲထည့်ခိုင်းထားခဲ့တာ။ပိုင်ဇေကငွေရှင်းကောင်တာတွင်ကတ်ဖြင့်ငွေရှင်းပြီးဆေးရုံ၏ငါးထပ်မြောက်ကိုတက်လာခဲ့သည်။အခန်း(၅၀၂)ဆိုတဲ့အခန်းထဲကိုသူဝင်လာခဲ့သည်။
ဆေးရုံ၏ VIP ခန်းကိုတစ်နှစ်စာငွေချေပြီးထားနိုင်လောက်အောင်သူ့မှာငွေကြေးပြည့်စုံပါသည်။ခုတင်ပေါ်မှာလဲလျောင်းနေသည့်လူနာကတော့
ဖြင့်လောကကြီးနဲ့အဆက်အသွယ်ပြတ်နေခဲ့တာသုံးနှစ်တောင်ကြာခဲ့ပြီ။ပိုင်ဇေလူနာခုတင်ဘေးတွင်ခုံတစ်လုံးနှင့်ထိုင်လိုက်သည်။ခုတင်ပေါ်မှာအသိစိတ်မဲ့ကာလဲလျောင်းနေသူကသူ့ရဲ့သွေးမတော်သားမစပ်ညီအငယ်ဆုံးလေးညီိစေ
ရတုဖြစ်သည်။