အခန်း(၈)

64 6 3
                                    

ကြာညိုနဲ့ဇွဲပြည့်ကျောင်းကနေပြန်လာတော့ပိုင်
ဇေအိမ်ပေါက်ဝကနေရပ်စောင့်နေသည်။ကလေးတွေကကားထဲကထွက်လာပြီးသူ့ကိုမြင်တော့ချက်ချင်းမျက်နှာလွှဲသွားကြသည်။သူ့နားကနေဖြတ်လျှောက်တော့-

“ကလေးတွေ"

သူခေါ်တော့ခြေလှမ်းလေးတွေတုံ့ခနဲ့ရပ်သည်။မျက်နှာလေးတွေနားရွက်လေးတွေကနီရဲနေသည်။အကြောင်းမဲ့ရဲနေတာတော့မဟုတ်။နေ့လည်ကကိစ္စကြောင့်ရှက်နေကြတာထင်သည်။ညကကိစ္စကိုလည်းစိတ်ဆိုးပြေပုံမရသေး။မနက်ကလည်းသူ့ကိုဘယ်သူမှစကားမပြောကြ။

“ငါးနာရီကျရင်ဂိုက်ဆရာလာလိမ့်မယ်။မင်းတို့
ရေချိုးပြီးထမင်းစားထားနှင့်”

“ဟုတ်ကဲ့”

ဖြေတဲ့အသံကမကောင်းတတ်လို့ဖြေရတဲ့အသံ။ကလေးနှစ်ယောက်အိမ်ပေါ်တက်သွားကြတော့ပိုင်ဇေသက်ပြင်းချမိသည်။ကိုယ်ကသူတို့လေးတွေကိုမှဲ့တစ်ပေါက်မစွန်းရအောင်စောင့်ရှောက်
ပေးချင်တာ။ဒါကိုဒင်းလေးတို့ကနားမလည်ကြဘူးပဲ။

ကြာညိုနဲ့ဇွဲပြည့်ရေချိုးပြီးအောက်ထပ်ဆင်းလာ
ကြသည်။ထမင်းစားခန်းထဲကိုရောက်တော့အောင်စေနဲ့ပိုင်ဇေတို့ညီအကိုနှစ်ယောက်ကမိန့်
မိန့်ကြီးတွေထိုင်နေသည်။အောင်စေက-

“ဇွဲဇွဲလေးဒီမှာလာထိုင်"

အောင်စေကဇွဲပြည့်ကိုသူ့ဘက်ခေါ်ထိုင်ခိုင်းတော့ကြာညိုကအလိုလိုနေရင်းပိုင်ဇေ့နားကခုံဆီ
ရောက်သွားသည်။နေ့လည်တုန်းကကျော်ကြီးဒုက္ခရောက်နေလို့ကျော်ကြီးကိုအိမ်ပြန်ပို့ချင်ပေမဲ့
နေ့လည်ပိုင်းမှာလပတ်စာမေးပွဲရှိနေတာကြောင့်အိမ်ပြန်သွားလို့ကမဖြစ်။ဒါနဲ့ပဲနှစ်ယောက်သားအရဲစွန့်ပြီးမိန်းကလေးအသုံးအဆောင်ပစ္စည်းသွားဝယ်ပေးရသည်။ကိုယ့်ပစ္စည်းမဟုတ်ပေမဲ့
မျက်နှာပူသည်။ရှက်သည်။ရှောင်ချင်ပါတယ်ဆိုမှဒီလူကြီးကလည်းတစ်ချိန်လုံးကြည့်နေသည်။ထမင်းကိုဘယ်လိုမြိုချရမှန်းမသိ။

“စားလေကလေး"

ပိုင်ဇေကသူ့ထမင်းပန်းကန်ထဲဟင်းတွေခပ်ထည့်ပေးသည်။စိတ်ဆိုးနေတဲ့ကလေးကိုချော့ရမှာပေါ့။ကိုယ့်ဘက်ကစိတ်ဆိုးအောင်လုပ်ထား
မိတဲ့သူပဲ။

The dream bridge (အိပ်မက်တံတား)U&ZDove le storie prendono vita. Scoprilo ora