TDYWA - 10

420 56 3
                                    

Unicode

စိတ်၏ လှုံ့ ဆော်ခြင်းကြောင့် ပြေးလွှားသွားတဲ့ ခြေလှမ်းတွေက မရပ်မနား..။ ဖုန်းထဲက ရှိုက်သံသဲ့သဲ့ ကောင်လေးရဲ့အသံဟာ ရှောင်းကျန့်ရင်ကို စိုးရိမ်ပူပန်ခြင်းဆိုတဲ့ ကန်ရေနက်ထဲနစ်မြှပ်သွားစေတယ် ။

" ရိပေါ်.. ''

ကောင်လေးရဲ့ အိမ်တံခါးကို တွန်းဖွင့်ရင်း  ရှောင်းကျန့်အော်ခေါ်လိုက်သည် ။ အိမ်လေးက မည်သည့်အသံတစ်စုံတစ်ရာတောင်မထွက်ပဲ တိတ်ဆိတ်လို့နေ၏ ။ ဦးလေးရဲ့ ဆေးမသောက်ချင်လို့ ငိုယိုဂျီကျသံလည်းမကြားရ ၊ ရိပေါ်ရဲ့ သူ့အဖေကို ချော့မော့သံလဲမကြားရတာကြောင့် ရှောင်းကျန့် ရင်ထဲနဂိုထက်ပင် ပိုမို ပူပန်လာခဲ့သည် ။

" ဖုန်းဆက်ကြည့်မှပဲ..''

ရိပေါ်ဆီခေါ်ဆိုနေသော ဖုန်းဝင်သံတစ်ချက်စီတိုင်းမှာ ရင်အစုံဟာ လှိုက်ဖိုစွာ လှုပ်ခုန်နေသည်။ သူဟာ ရိပေါ်နဲ့ပတ်သတ်ရင်ကို အဲ့လောက်ထိ ပူပန်တတ်နေပြီဖြစ်သည် ။

" အကို..''

တစ်ဖက် မှထွက်ပေါ်လာသော အသံလေးဟာ ရှိုက်သံပင်မပြယ်သေးပါ ။

" ရိပေါ်..ဘယ်ရောက်နေတာလဲ အကို အခုအိမ်ရောက်နေတာ ရိပေါ်တို့ကိုမတွေ့လို့ ''

" အကို..အေဖေလ အေဖ ..''

ဆက်ပြောနိုင်ခြင်းပင်မရှိအောင် ဆို့နင့်သွားတဲ့အသံကြောင့် ..

" ဦးလေး ဘာဖြစ်လို့ ''

" အဖေ ပျောက်သွားလို့ မနက်က ကျွန်တော်နိုးနိုးချင်းမရှိတော့တာ .. ကူညီပါဦးအကိုရာ ''

ပြောရင်းပင် ရိပေါ်ဟာ ရှိုက်ငိုလာလေသည် ။
ချစ်ရသူရဲ့ မျက်နှာတစ်ချက်ပျက်တာတောင်မကြိုက်တဲ့ ရှောင်းကျန့်ဟာလည်း ရင်ထဲဝမ်းနည်းနေမိ၏ ။

ရိပေါ် ငိုနေလျှင်ပင် ရှောင်းကျန့်နှလုံးသားဟာ တစ်ဆစ်ဆစ်ကိုက်ခဲနေတတ်သည် ။

ရိပေါ့်ကို နေရာမေးပြီး သူအမြန်လိုက်သွားခဲ့၏။ ပတ်ဝန်းကျင်ကို မျက်လုံးဒေါက်ထောက်ကြည့်ကာ ဦးလေးကို လိုက်ရှာနေသော ရိပေါ်ကိုတွေ့တော့ သူကိုယ်တိုင်ပါ မျက်ရည်ကျမိသည် ။

The day you went away.Where stories live. Discover now