" အကို ကျွန်တော်လိုက်ပို့ပေးမယ်လေ...''
တစ်နေကုန် Date ပြီး ရိပေါ့်အိမ်သို့ ည ၇ နာရီလောက်မှပြန်ရောက်ရှိခဲ့သည် ။ တိတ်ဆိတ်နေသော အိမ်ကလေးထဲ အဖေ့အသံမကြားရသဖြင့် အဖေအိပ်နေကြောင်း ခန့်မှန်းမိပါ၏ ။ အိမ်ပေါက်ဝရှေ့ အကိုက အိမ်ထဲမဝင်ပဲ ရိပေါ်နဲ့မျက်နှာချင်းဆိုင်ရပ်ကာ ရိပေါ့်အားပြုံး၍သာကြည့်နေ၏ ။ ရွှင်ပြနေတဲ့ အကို့မျက်ဝန်းတွေက ပျော်ရွှင်မှုကိုဖော်ပြနေသည် ။ ထိုမျက်ဝန်းတွေကို စိုက်ကြည့်နေမိရင်း ရင်ခုန်မိတာက ရိပေါ် ၊ စိတ်ကူးတောင် ယဉ်ဖို့မရဲတဲ့ အထဲ အကို့ချစ်သူအဖြစ်လဲပါတယ် ။ ရင်တွေတစ်ဒိတ်ဒိတ်ခုန်နေရင်းပင် နှစ်ယောက်သားအမြတ်တနိုး အကြည့်ချင်းစုံမိကြသည် ။
" အကို...ဘာလို့အဲ့လိုကြီးကြည့်နေရတာလဲ..''
မနည်းကြာတဲ့အထိ ထိုအကြည့်တွေကြား ရိပေါ် အရှက်သည်းခဲ့ရသည် ။ အကိုက အတော်ကိုဆိုးပါ၏ ။
" နေပါဦးရိပေါ်ရဲ့ တစ်ညလုံးလွမ်းရမှာမလို့ ဒီမျက်နှာလေးအလွတ်ကျက်နေတာပါ...အာရီဂူး... အိမ်တောင်မပြန်ချင်တော့ဘူး ''
ရိပေါ့်ပါးမို့မို့လေးထက် လက်ဖဝါးတွေအုပ်ကိုင်ကာ အသည်းတယားယား ရှောင်းကျန့်ဆိုတော့ ကောင်လေးက ချက်ချင်းပင် မျက်နှာတွေ နီရဲလာလေ၏ ။
ဒီလိုလေးလည်း ရှက်တတ်တာလား...
ပြွတ်...
" အ ကို ''
ရိပေါ်ဖြစ်နေတဲ့ပုံလေးကို စိတ်မထိန်းနိုင်စွာ ပြွတ်ခနဲ့ မြည်သံထွက်အောင်ပင် နှုတ်ခမ်းလွှာကို တစ်ချက်စုတ်ယူနမ်းလိုက်သည် ။ တအံ့တသြကြည့်နေတဲ့မျက်ဝန်းနက်လေးတွေက မထင်ထားသလို ကြောင်အစွာကြည့်လာ၏ ။
" ချစ်တယ် ရိပေါ်..ပြန်တော့မယ်- ''
ကိုယ်လုပ်ရပ်ကိုယ် အရှက်သည်းစွာ အမြန်လှည့်ထွက်ရန်ပြင်သည် ။ သို့သော် လက်ကောက်ဝတ်ကို ဆွဲယူခြင်းခံရပြီးနောက် ရှောင်းကျန့်ကိုယ်လုံးလေးက ရိပေါ့်ရင်ခွင်ထဲဆွေခနဲပင်ပြန်လည်ရောက်ရှိသွား၏ ။
နီးကပ်နေတဲ့ မျက်နှာနှစ်ခုကြား ညရဲ့လေပြေနုနုဟာ အသာတိုးဝင်တိုက်ခိုက်သည် ။ စူးစိုက်ကြည့်နေတဲ့ကောင်လေးက မျက်ဝန်းတွေမှတစ်ဆင့် ရှောင်းကျန့် နှုတ်ခမ်းပါးသို့အကြည့်ရောက်ကာ သူ့အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်သည်။
KAMU SEDANG MEMBACA
The day you went away.
Fiksi Penggemarလူနှစ်ယောက်မှာ တစ်ယောက်က ထွက်သွားရင်.. ကျန်တစ်ယောက်က တစ်နေရာတည်းမှာပဲ ရှိနေမှ.. အဲ့လူနှစ်ယောက် ပြန်ဆုံနိုင်မှာ...