လောကဓံဟာ လေတိုက်နှုန်းပြင်းထန်လာတယ် ။
စဥ်ဆက်မပြတ် သူ့ရှင်သန်မှုက လူသားတွေအတွက်တဲ့...။ကောင်းခြင်းလား ဆိုခြင်းလား မသေချာတဲ့ စကားတစ်ခွန်းကို အကိုကဝမ်းသာတကြီးလာပြောတယ်...။
" အမေက မင်းကိုတွေ့ချင်တယ်တဲ့ ''
ထိုစကားကြားတော့ ရိပေါ့ဘဝမှာ တစ်ခါတောင်မသိမ်ငယ်ဖူးတဲ့ သိမ်ငယ်မှုဝင်ရောက်လာတယ် ။ အကိုနဲ့တွေ့တိုင်းပြုံးနေကျ အပြုံးတွေတောင်မပီပြင်တော့ဘူး။
မတွေဝေစဖူးတွေဝေလာပြန်တယ် ။
အကို့ အမေကိုတွေ့ဖို့ ရိပေါ်ဟာ ကိုယ့်အခြေအနေကိုတွေးပြီးသိမ်ငယ်နေမိ၏ ။
တစ်လျှောက်လုံး ချစ်ရတဲ့အကိုတစ်ယောက်တည်းကိုသာ ရိပေါ်ဂရုစိုက်ခဲ့ပေမယ့် ယခုတော့ မြင့်မားလွန်းတဲ့အကို့အဆင့်အတန်းကိုပြန်တွေးပြီး ဆင်ခြင်ရဦးမယ်ထင်တယ် ။
အနာဂတ်တစ်လျှောက် အကို့အနားမှာ ရှိနေဖို့ သူဟာထိုက်သင့်တဲ့လူတစ်ယောက်လား တွေးနေမိတုန်း...ရိပေါ် ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်ခဲ့မိတယ် ။
သူစီးထားတာ ခပ်ပေါပေါ ခြေညှပ်ဖိနပ် တစ်ရံသာ..။
အကိုကတော့ နာမည်ကြီး brand ဖြစ်တဲ့ Walking shoe အဖြူလေးကို သေသေသပ်သပ်စီးထားတယ် ။
ရိပေါ် နှုတ်ခမ်းတစ်ဖက်တွန့်ရင်း ကိုယ့်ကိုယ်ကို လှောင်လိုက်မိတယ် ။
တကယ်...တကယ်ကို သူတို့အဆင့်အတန်းတွေက ..
သူလို ကိုယ့်ဘဝကိုယ်ရပ်တည်နေတဲ့ လမ်းဘေးစျေးသည်လေးက ကုမ္ပဏီပိုင်ရှင်သူဌေးသား ကောင်လေးတစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိရုံကလွဲပြီး ထိုကောင်လေးအတွက် ဘာမှဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေမဟုတ်ဘူးပဲ..။
သူ့မှာချမ်းသာတာ မြတ်နိုးမှုတွေပြည့်လျှံနေတဲ့ နှလုံးသားတစ်စုံသာ အကို့အတွက်ပေးနိုင်တယ် ။
" ရိပေါ်...''
သိမ်ငယ်မှုတွေကြားနစ်မွန်းနေဆဲမှာပဲ အကို့ရဲ့အဝံ့မရဲအသံလေးကိုကြားလိုက်ရတယ် ။ ထိုအသံဟာ တစ်စုံတစ်ရာစိုးရိမ်နေကာပင် ရိပေါ့်ရဲ့ရင်အစုံကို ကတုန်ကယင်ဖြစ်စေလိုက်သည် ။ သူနှလုံးသားနဲ့ရင်းပြီး ဒီလူ့ကို စွန့်ခွာသွားဖို့ အချိန်နှောင်းနေပြီလား ။ နယ်ကျွန်မိတဲ့ နှလုံးသားကိုရော ပြန်နှုတ်ယူရင် အသက်မကတဲ့နာကျင်မှုတွေခံယူရအုံးမလား..။
VOCÊ ESTÁ LENDO
The day you went away.
Fanficလူနှစ်ယောက်မှာ တစ်ယောက်က ထွက်သွားရင်.. ကျန်တစ်ယောက်က တစ်နေရာတည်းမှာပဲ ရှိနေမှ.. အဲ့လူနှစ်ယောက် ပြန်ဆုံနိုင်မှာ...