ရိုက်ချိုးခံလိုက်ရပြီ ထင်ခဲ့တဲ့
မျှော်လင့်ချက်တွေဟာ တစ်ခုခြင်းစီ
ပြန်ရှင်သန်လာပြန်ပြီ...။ကျတော့်ကိုယ်ကျတော်တောင်
ဝန်ခံဖို့ခက်ခဲနေတဲ့စကားလုံးက
ခဗျားကို ချစ်နေတယ်တဲ့....။မဖြစ်နိုင်ကြောင်းကို အကြိမ်ကြိမ်အခါခါ
ကျတော်ကိုယ်တိုင် ခေါင်းခါငြင်းခဲ့ပါသေးတယ်..
ဒါပေမယ့်လဲ..ဘယ်လိုလုပ်မလဲ..
ကျတော့်နှလုံးသားက ဒါဟာအမှန်တရားဖြစ်ကြောင်း
ခုန်ပေါက်ပြောဆိုနေတာဆိုတော့...။ဘယ်အချိန်က စတင်ခဲ့တဲ့
ချစ်ခြင်းလဲဆိုတာတော့ ရိပေါ်မသိဘူး..။
သိလိုက်ချိန်မှာတော့ ရိပေါ့်နှလုံးသားဟာ
ဒီလူ့ထံ အစွန်းကုန် ကျွံ့ဝင်သွားခဲ့ပြီ...။ရိပေါ်ရှေ့မှာ အဖေနဲ့ ကစားပေးနေတဲ့
ရှောင်းကျန့်က ပြုံးနေတာပဲနော်..။
ဒါဟာ ရှောင်းကျန့် ပျော်နေတာလို့
သတ်မှတ်လို့ရတယ်မလား..။တစ်ယောက်ယောက်ကသာ
ရိပေါ်ရဲ့ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့
မေးခဲ့ရင် ရှောင်းကျန့်အပြုံးတွေကို
လက်ညိုး ထိုးပြမယ်...။
ရှောင်းကျန့် ပြုံးနေရင်
ရိပေါ်က ပျော်တယ်....။" အာ ရိပေါ် ငါမေ့နေတာ
အပြင်မှာ..နေ နေတော့
ငါပဲသွားယူတော့မယ် ''အခုမှ တစ်ခုခုကို သတိရပုံပေါ်တဲ့ရှောင်းကျန့်က
အပြင်ကို ပြန်ထွက်သွားတယ် ဘာများလဲဆိုတဲ့
စ်တ်နဲ့ ရိပေါ် ဒီလူ့နောက်လိုက်သွားခဲတော့
ပိတ်ဖြူဖုံးထားသော ခပ်ကြီးကြီးအပြားတစ်ခု...
သယ်လာတဲ့ ရှောင်းကျန့်...။" ဘာကြီးလဲ ရှောင်းကျန့်..''
" မင်းအတွက် ငါလက်ဆောင်ပေးတာ ရိပေါ်
မင်းကြိုက်လားမကြိုက်လားတော့မသိဘူး
မကြိုက်ရင် ပြန်ရောင်းစားလိုရတာပေါ့..''ဂုတ်ကို လက်နဲ့ပွတ်သတ်ကာ
ပြောလာတဲ့ ရှောင်းကျန့်..။
ရိပေါ် တလွဲမြင်မိတာလားတော့မသိပေမယ့်
ရှောင်းကျန့်က ရှက်နေတဲ့အမူအရာနှင်ပင်..။ရိပေါ်အတွက် လက်ဆောင်တဲ့...။
သတိတရ ရှိနေပေးတာတင်
ရိပေါ့်အတွက်က ပြည့်စုံနေပြီ...။
YOU ARE READING
The day you went away.
Fanfictionလူနှစ်ယောက်မှာ တစ်ယောက်က ထွက်သွားရင်.. ကျန်တစ်ယောက်က တစ်နေရာတည်းမှာပဲ ရှိနေမှ.. အဲ့လူနှစ်ယောက် ပြန်ဆုံနိုင်မှာ...