TDYWA -1

3K 241 14
                                    

ဘဝဆိုတာ ကြီးကို ရိပေါ်ဟာ
ဘယ်လိုအဓိပ္ပါယ်မှမဖွင့်တတ်ဘူး ၊

ရိပေါ်ဘဝကလဲ အဓိပ္ပါယ်ဖွင့်ဆိုလောက်ရအောင်
အဓိပ္ပါယ်မရှိဘူး ၊

နေ့ရက်တွေတိုင်းကို
ရိပေါ်ဟာ ကြိုးစားရုန်းကန်ခြင်းနဲ့ အစပြုလို့
ကြိုးစားရုန်းကန်ခြင်းနဲ့ပဲ အဆုံးသတ်တယ် ။
နေ့ဘက်တွေ ကျောင်းတက်ပြီး
ညဘက်တွေ လှည်းတစ်စီးနဲ့
ဘရန်းအတုတွေရောင်းနေရတဲ့ ရိပေါ်ဟာ
တစ်ခါတစ်လေ ကိုယ့်ဘဝကို သိပ်စိတ်ကုန်မိတယ်...။

ရိပေါ်တို့ အိမ်ကနေ
မနည်းလှမ်းပြီး လူစည်တဲ့ညဈေးလေးမှာ
ရိပေါ်နဲ့အတူ တခြားဈေးသည်တွေဟာ
သူ့ထက်ငါ အလုအယက်ဈေးရောင်းကြတယ် ။
အကုန်လုံးက အကြံတူလူလိမ်အသေးစားလေးတွေပဲ ၊

ဘရန်းအတုတွေရောင်းပြီး
စားဝတ်နေရေးဖြေရှင်းရတယ်.. ၊
ဒီလိုအချိန် ပြည်သူတွေအတွက်
အားကိုးရပါတယ်ဆိုတဲ့ ရဲတွေဟာ
ရိပေါ်တို့အတွက်တော့ ရန်သူတွေပဲ ၊

သူတို့လာပြီဆိုတာနဲ့
ရောင်းဖို့ ချထားသမျှပစ္စည်းတွေကို
အမြန်သိမ်းကာ ပြေးရပါလေရော ၊
မိသွားရင်တော့ တစ်နေ့ရောင်းရသမျှဟာ
ဒဏ်ငွေဆောင်လို့ကုန်ပြီသာ မှတ်တော့..။

" အရမ်းတန်တယ်အမ ဒီအဝတ်တွေက
ကျတော် ဒီနေ့မှအသစ်သွားယူထားတာတွေ ၊
တကယ့်အစစ်အတိုင်းပဲနော်
အမဝတ်သွားရင် ဘယ်သူမှ
အတုလို့ထင်မှာကိုမဟုတ်ဘူး..၊
အမကအသားဖြူတော့ ဒါလေးနဲ့လိုက်တယ်..
ကျတော်ထုတ်လိုက်တော့မယ်နော် ''

ရိပေါ့် ဘဝက ဒါပဲ customer တွေကို
မယူချင်ယူချင်အောင်စကားချိုသွေးပြီးပြောရောင်းရတယ် ။
စိတ်အလိုမကျဘူးဆိုရင်တောင်
ရိပေါ်မှာ သိသာအောင်ထုတ်ပြပိုင်ခွင့်မရှိဘူး..။

ဒီနေ့က အရင်တွေလောက်မရောင်းရတော့ဘူးဆိုပေမယ့်
အဖေ့အတွက် ဆေးဖိုးလောက်တော့ရမှာပါ...။

" ပြေးကြတော့ဟေ့..!! ရဲတွေလာနေပြီ ''

အော်ကြီးဟစ်ကျယ် သတိပေးသံကြောင့်
အရှေ့ကဝယ်သူတွေကိုင်ထားတဲ့
အဝတ်တွေကို ဆွဲလုကာ လှည်းထဲ ကိုပြစ်ထည့်ရတယ် ။
အကုန်သိမ်းပြီးအဆုံး ရိပေါ်ဟာ ပြေးဖို့အဆင်သင့်ဖြစ်နေပြီ...။

The day you went away.Where stories live. Discover now