နှလုံးသားတစ်ခုလုံး ပုံအပ်ချစ်လိုက်ရတဲ့အခါ မျှော်လင့်မိတာ တစ်ခုက လက်တွဲတွေမြဲနေဖို့ပဲ..၊ မရေရာတဲ့အနာဂတ်မှာ မသေချာတဲ့ လက်တစ်စုံကို စွန့်လွှတ်ပြစ်ရမှာ ရိပေါ်က သိပ်ကြောက်တယ်.....
လမ်းကျဉ်းလေးတစ်လျှောက် လျှောက်လာချိန် ရိပေါ်တွဲထားမိတဲ့ အကို့လက်တွေကို ပြန်ကြည့်မိတော့ မပြုံးပဲမနေနိုင်တော့ဘူး..၊ ဘေးနားက ရိပေါ့် နတ်သားလေးကတော့ ပြုံးစိစိနဲ့ ရှက်နေတဲ့ပုံပင်..၊ တစ်လမ်းလုံး ရိပေါ်တို့စကားမပြောဖြစ်ကြဘူး..၊ နှစ်ယောက်လုံး ရင်ထဲမှာတော့ ရင်ခုန်မှုတွေ ပျော်ရွှင်နေမယ်ထင်...။
" ရိပေါ်..''
စက္ကန့်အနည်းငယ် ကြာတော့ ရှောင်းကျန့်ဘက်ကစတင်ပြောလာသော စကား..၊ တိုင်ပင်ထားစရာမလို နှစ်ယောက်သား ခြေလှမ်းတွေရပ်ကာ မျက်နှာချင်း ဆိုင်လိုက်ကြသည်..။ တစ်ခုခုကို ပြောဖို့ရည်ရွယ် နေတဲ့ရှောင်းကျန့် က နှုတ်ခမ်းတွေ ခပ်တင်းတင်းစေ့ထား၏ ၊ လမ်းမီးရောင်တွေကြားမှ မြင်နေရသော ရှောင်းကျန့် မျက်နှာသည် အနည်းငယ် နီစွေးနေသေး၏..။
" ငါ..ငါတို့ မနက်ဖြန် date ကြရအောင်လား ''
ရိပေါ့်ကိုအကြည့်လွှဲကာ တွဲထားသော ရိပေါ့်လက်တစ်အား ဆုပ်နယ်ကာ ရှောင်းကျန့်က ပြောနေသည် ။ တကယ်ဆို ဒီစကားက ရိပေါ် စပြောရမယ့် စကားပင်..၊ ရိပေါ် ကိုယ့်ဘာသာ ပြုံးလိုက်မိ၏ ၊ အကိုက ခုနကပဲ သူ့ကိုနမ်းပြီး အခု ဒါလေးပြောဖို့ရှက်နေတာလား..၊၊ ခေါင်းငုံ့ကာ ရိပေါ့်လက်ကိုဆော့နေတဲ့ အကိုလက်နှစ်ဖက်အား ရိပေါ် အုပ်ကိုင်လိုက်သည် ၊ ထို့နောက် တဖြည်းဖြည်း မော့လာလာတဲ့ အကိုပုံက ရှက်သွေးဖြာနေဆဲပင်..၊၊
ရိပေါ် အကို့မျက်လုံးများအား တည့်တည့် စိုက်ကြည့်ကာ အနူးညံ့ဆုံးပြုံးလိုက်သည်..။
" ဒါပေါ့..၊ ကျတော်တို့က ချစ်သူတွေဖြစ်သွားပြီပဲ ''
ရိပေါ့် နှုတ်က ချစ်သူ ဆိုသည့်စကားကြောင့် ရှောင်းကျန့် ရင်အနည်းငယ်ခုန်သွား၏ ၊ ထိုစကားက သဘောကျစရာကောင်းပေမယ့် ရှက်စရာလဲ ကောင်းနေသည် ။
ညနက်ချိန် တိုက်ခိုက်နေတဲ့ လေပြေဟာ နှစ်ယောက်လုံးလဲ ရင်ခုန်မှုကို ပိုမိုအသက်ဝင်အောင်ဖန်တီးသည် ။ အတိုင်းအစမရှိ ခုန်ပေါက်နေတဲ့ နှလုံးခုန်သံဟာ ဘယ်သူဆီကလဲ မပြောတတ် ၊ တဖြည်းဖြည်း နီးကပ်လာတဲ့ ရင်ဖက် နှစ်ခုကတော့ ပေါက်ကွဲထွက်တော့မလို..။
YOU ARE READING
The day you went away.
Fanfictionလူနှစ်ယောက်မှာ တစ်ယောက်က ထွက်သွားရင်.. ကျန်တစ်ယောက်က တစ်နေရာတည်းမှာပဲ ရှိနေမှ.. အဲ့လူနှစ်ယောက် ပြန်ဆုံနိုင်မှာ...