TDYWA - 2

1.2K 181 11
                                    

" ငှက်ကလေး ထမင်းခွံ့ကျွေးမှစားမယ်
ငှက်ကလေး ခွံ့ကျွေးနော်..''

ရိပေါ်ကျွေးတဲ့ မနက်စာ မစားတဲ့အဖေဟာ
အဲ့လူ ခွံ့ကျွေးတဲ့ ထမင်းကိုတော့..စားမယ်တဲ့...။

မနာလိုမဖြစ်တဲ့အပြင်
ရိပေါ်က ပြုံးနေမိသေးတယ် ထင်ပါရဲ့..။
ဒီလူပါမှ အိမ်ပြန်မယ် ကျီကျနေတဲ့အဖေကြောင့်
အားနာစွာပဲ အကူအညီတောင်းခဲ့ရသေးတယ်..။

ရိပေါ် စကားနားမထောင်တဲ့ အဖေဟာဒီလူ့စကားကိုတော့
နှစ်ခွန်းပြောစရာမလိုလောက်အောင်လိမ္မာပြနေတယ်..။
ခက်တော့ ခက်နေပြီအဖေရေ..
ဒီလူက ကျတော်တို့နဲ့အတူ
တစ်သက်လုံးနေမယ့်သူမဟုတ်ဘူးဗျ...။

အရှေ့ ၌ '' အာ..'' ဆိုပြီး သံရှည်ဆွဲကာ..
ထမင်းလုတ်ကို အဖေ့ဆီခွံ့နေသော ဒီလူ့ပုံက
အရင်နေ့ ရိပေါ်တွေ့ခဲ့ဖူးတဲ့
အထက်စီးဆန်တဲ့ လူမဟုတ်တော့ပြန်သလို..
အဖေပျော်နေတာကို မြင်ဖို့ခဲယဉ်းတဲ့ ရိပေါ်က
အရှေ့က မြင်ကွင်းကို မေးထောက်ထိုင်ကြည့်နေခဲ့တယ်။

" ဝပြီလား ဦးလေး.''

ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ
ရှောင်းကျန့် အမေးကို ဖြေနေတဲ့ ဒီဦးလေးကို
ရှောင်းကျန့်တကယ် ဂရုဏာသက်မိသည်..။
ပြီးတော့သူရဲ့သားကိုရော...အရင်နေ့က
ပြောမိတဲ့စကားတွေအတွက်တောင်ပြန်အားနာမိပါရဲ့....။

မဝံ့မရဲလေး လှမ်းကြည့်မိတဲ့အခါ
ကောင်လေးက မိမိတိုကိုကြည့်ကာ
ပြုံးနေလေတယ်...။
ဒီကောင်လေးက သူ့အဖေကိုတကယ်ချစ်တာပဲ..။
ဒီဦးလေးကလဲ ချစ်စရာကောင်းပါတယ်..
အဖေမရှိတော့တဲ့ ရှောင်းကျန့်အတွက်
အဖေအစားရလိုက်သလိုပဲ...။

" ဦးလေး အိပ်သွားပြီဆိုတော
ငါပြန်တော့မယ်နော်..''

" ကျတော် လိုက်ပို့ပေးမယ် ''

ရိပေါ်တို့ရပ်ကွက်က လမ်းကျဉ်းလေးအထိ
ဘယ်သူမှစကားမစခဲ့ဘူး...။
ကျေးဇူးတင်စကားပြောဖို့တောင် ရိပေါ်က
ဒီလူ့ကို ရှိန်နေတယ်...။

" ဦးလေးကို ဒီအတိုင်းထားတာလား
တကယ်ဆို ဆေးရုံမှာ ဆေးကုသပေးသင့်တယ်။ ''

ထိုလူ့ဘက်က စကားစပြန်တော့လဲ
ရိပေါ် အရှိုက်ကို တည့်တည့်လာထိတယ်..။
အဖေကို ဆေးမကုပေးတာ မဟုတ်ပဲ
ဆေးကုပေးဖို့ မတတ်နိုင်တဲ့အကြောင်းကို..
ရိပေါ်က ပြန်ရှင်းပြချင်ပါတယ်...။

The day you went away.Unde poveștirile trăiesc. Descoperă acum