" ကျေးဇူးပါ ရိပေါ် ၊ ဂရုစိုက်မောင်းနော်
ဒဏ်ရာကိုလဲ ဆေးထည့်ဦး ကြားလား? "" အင်းပါ..၊ ကျတော် ဂရုစိုက်ပါ့မယ် ''
" ဟို..ငါ နောက်နေ့ လာလို့ရလား ''
" haa အကို အမြဲလာလို့ရပါတယ်ဗျ
ကျတော့်ကို ခွင့်တောင်းစရာမလိုပါဘူး ''ဘာရယ်မဟုတ် နှစ်ယောက်သား
တစ်ယောက်စိတ် တစ်ယောက်
ဖောက်ထွင်းမြင်နိုင်တဲ့ အထိ ကြည့်နေမိကြသည် ။ထိုအကြည့်ထဲ မြတ်နိုးခြင်းတွေ
ပျော်ဝင်နေ၏ ။" အဟမ်း..''
" အဟမ်း..''
အချိန်မနည်းကြာမှ နှစ်ယောက်သား
ရှက်ကိုးရှက်ကန်း ချောင်းဟန့်မိ၏ ။
အချစ်က ယောက်ျားအရင့်မာကြီးတွေကိုတောင်
အရှက်သည်းစေသတဲ့..။" အကိုဝင်တော့လေ ''
" မင်းအရင်ပြန်လေ..၊
ငါက ခြေတစ်လှမ်း လှမ်းရင် ခြံထဲရောက်နေပြီကို ''ရိပေါ် အကို့နောက်ကျောက
ခြံအကျယ်ကြီးကို ကြည့်လိုက်မိ၏ခြံကြီးရဲ့အလယ် ခမ်းနားသော
အိမ်ကြီးက ညဘက်ဖြစ်နေစေကာမူ
ရောင်စုံမီးများထွန်းလင်းထားကာ
သဘောကျစရာ ကောင်းလွန်းသည် ။ရိပေါ်တို့ စိတ်ကူးယဉ်ဖို့တောင်မတန်တဲ့
အခြေအနေကို အကိုက အပြည့်အဝပိုင်ဆိုင်ထား၏ ။အကိုက ပြည့်စုံလွန်းတယ်...
ရိပေါ် ချစ်မိပေမယ့် အကိုပြန်ချစ်ပါ မတောင်းဆိုရဲဘူး
ဘာလို့လဲ..?? ရိပေါ်တို့က အခြေအနေမှမတူတာ..။" ဒါဆို ကျတော်ပြန်တော့မယ်နော်အကို
ဒီနေ့ အတွက် ကျေးဇူးတင်ပါတယ် ''ထိုစကားပြောပြီး Helmet ဆောင်းကာ
လှည့်ထွက်သွားတဲ့ ဆိုင်ကယ်ပိုင်ရှင်ရဲ့ကျောပြင်ကို
ကြည့်ကာ ရှောင်းကျန့်မှာ ရင်တွေခုန်လွန်းလို့..။ရိပေါ့်ကို ချစ်တယ်ဆိုတာ သေချာသွားပြီ..။
" ပျော်နေစမ်း..၊ အရူးလိုနှလုံးသား
အဲ့ထဲမှာ ခုန်ပေါက်ပျော်နေလိုက်
ငါမှာတော့ လက်ဖျားတွေအေးပြီ
ရူးတော့မလိုပဲ....''
KAMU SEDANG MEMBACA
The day you went away.
Fiksi Penggemarလူနှစ်ယောက်မှာ တစ်ယောက်က ထွက်သွားရင်.. ကျန်တစ်ယောက်က တစ်နေရာတည်းမှာပဲ ရှိနေမှ.. အဲ့လူနှစ်ယောက် ပြန်ဆုံနိုင်မှာ...