TDYWA - 5

873 141 13
                                    

နေ့စဉ်မြင်နေကျ လောကဟာ
မိုးမှောင်တွေထဲမှာ ကွယ်ပုန်းနေတယ်..
ဒီနေ့အတွက် အလုပ်မှန်သမျှကိုလဲ
ကျတော် ခနရပ်နားထားတယ်..

ဘာလို့လဲ မေးရင်..
ခိုင်လုံတဲ့အကြောင်းပြချက် ကျတော်အသဲကွဲနေတယ် ..

ကျတော်ကို ဘေးဖယ်ပြီး
ဟို Dr ကိုပဲ မြင်နေတဲ့ အကို့ကို
ကျတော်က ဘယ်နှလုံးသားနဲ့ သည်းခံပေးရမှာလဲ..။

သူ့နောက်ကျောပြင်ကို ကြည့်နေတဲ့..
အကို့အကြည့်တွေကို ကျတော်နားလည်တယ်..။

ကျတော်ကိုယ်တိုင်လဲ အကို့ကို..
အဲ့လိုအကြည့်တွေနဲ့ ကြည့်ခဲ့ဖူးတာကို..
အင်း...အခုထိလဲကြည့်နေတယ်..။

အကိုက မကောင်ဘူး..
ကိုယ်တိုင်လဲ အငြင်းခံဖူးရဲ့သားနဲ့
ကျတော့ကို မစာနာပေးဘူး...။

အကို့မျက်ဝန်းထဲက
အထင်သေးသလိုအကြည့်တွေကို
ကျတော် သိပ်ကြောက်တယ်..။

ထွက်ခွာသွားတဲ့ကျောပြင်ကိုကြည့်ရင်း..
မနီးစပ်နိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းနဲ့အတူ
ကျတော်က ငိုမိသေးတယ်...။

ဝဲတဲတဲ ဖြစ်နေတဲ့ မျက်ရေစတွေကို
ပုတ်ခတ် ပုတ်ခပ် လုပ်ကာ ပြန်သိမ်းပြီး
အဖေ့ကို ဆေးတိုက်ဖို့ ပြင်ရတော့မယ်...။

ဒီနေ့လဲအကို မလာဖြစ်ကြောင်း..
အဖေ့ကို ပြောပြဖို့အတွက်
အကြောင်းပြချက်ကောင်းကောင်း ကို
ကျတော်က ရှာမရပြန်ဘူး...။

" ငှက်ကလေးကို သွားခေါ်ပေးပါ
ငါဆေးလဲမှန်မှန်သောက်မယ်လေ
ထမင်လဲ အများကြီးစားပါ့မယ်လို့..နော် ''

လှိုက်တက်လာတဲ့ ဝမ်းနည်းခြင်းကို
ပြန်မြိုချကာ ရိပေါ်က အားတင်းပြုံးလိုက်ရတယ်။

မသေချာမရေရာတဲ့ မျှော်လင့်ချက်တွေ
မှာ နစ်မြှပ်နေတဲ့အခါ ရိပေါ်တို့သားအဖက
သိပ်ကို သနားစရာကောင်းတယ်မလား..။

" ငှက်ကလေးကို ကျတော်က ခေါ်ပေးပါ့မယ်
အဖေကသာ ဆေးပုံမှန်သောက်ရင်ပေါ့..၊
ကျတော်ကျောင်းကပြန်လာရင် မုန့်ဝယ်ခဲ့မယ်နော်
အဖေက အန်တီကြီးစကားကိုနားထောင်ပြီး
လိမ်လိမ်မာမာ နေခဲ့..ဟုတ်ပြီလား ''

The day you went away.Where stories live. Discover now