TDYWA - 6

892 194 21
                                    

" အော်..၊
ဒီဆေးရုံကို ခေါ်လာတာပေါ့လေ
အကိုက ကျတော် ဒဏ်ရာကို
ကုပေးချင်လို့ရောဟုတ်ရဲ့လား ''

" ဒီဆေးရုံက အနီးဆုံးပဲလေ
ကျောင်းဆေးခန်းက ဆရာမလဲ
စောစော ပြန်သွားတာ မင်းအသိပဲကို
မရှည်စမ်းနဲ့ မင်း ဒဏ်ရာကို လုကော
ကြည့်ပေးဖို့ ပြောပေးမယ် ''

့ရိပေါ် စိတ်ထဲအလိုမကျဖြစ်မိသည် ။
အကိုက ဟိုဒေါက်တာကိုတွေ့ချင်လို့်
ငါ့ကို အကြောင်းပြနေတာများလား ။

ရင်ထဲလေးလံနေတဲ့ ရင်ကို မသိသလိုနေကာ
ရိပေါ် သက်ပြင်းအရှည်ကြီး ချလိုက်မိသည် ။

အကိုက ငါ့ကို ချစ်မလာနိုင်တော့ဘူးလား။

ညို့မှိုင်းပြာဝေသွားတဲ့
ရိပေါ့် မျက်ဝန်းတွေအကို့ကိုကြည့်မိတော့
ဟို ဒေါက်တာကို အသည်းအသန် လိုက်ရှာနေလေရဲ့
နာကျင်မှုက မသေးဘူးပဲ ၊ အကို့ကိုချစ်နေသေးသ၍
ရိပေါ် နာကျင်နေရမှာပဲ..။

မျက်တောင်တစ်ဖျက်ဖျက်ခပ်ကာ
ကျချင်နေတဲ့ မျက်ရေစတွေကို ပြန်သိမ်းလိုက်တယ် ။
တစ်ခါတစ်လေ ရိပေါ်တို့လို လူတွေအတွက်
မျှော်လင့်ခြင်းတွေက သိပ်အရသာရှိပါတယ်လေ..
အင်း...နာကျင်စေဖို့အတွက်ပေါ့..။

" ရိပေါ် အရမ်းနာနေလား
ဟိုမှာ လုကော လာနေပြီ ''

" အင်း ''

ရိပေါ့် မျက်နှာ ထိခိုက်ရာကိုကြည့်ကာ
ရှောင်းကျန့် အံကြိတ်လိုက်မိ၏ ။
အစောက သွေးပူနေတုန်းမလို့
မသိသာပေမယ့် အခု သိသိသာသာ
ရောင်ကိုင်းနေ၏..။

ရိပေါ် နာနေမှာပဲ...။

" ညီ..၊ ဘာဖြစ်လာတာလဲ
လက်က သွေးထွက်နေတယ်
ရန်ဖြစ်လာတာလားကွာ..''

" ကိုကို..အဲ လုကော
ရိပေါ့်ကို ကြည့်ပေးပါဦး
နှာထင်ကွဲသွားပြီထင်တယ်
ရာသီဥတုက အေးတော့
ဒဏ်ရာက ယောင်ပြီး ကိုက်နေမှာ ''

ရှောင်းကျန့် လက်ကို ကိုင်ကာ
စိုးရိမ်နေတဲ့ လုဖန်ဆီမှ ရုန်းထွက်ကာ
ရိပေါ့်ကို ညွှန်ကာ ပြောသည် ။

အနည်းငယ် ပျက်ယွင်းသွားသော
လုဖန်မျက်နှာကို တော့ ရိပေါ်သာလျှင်သိလိုက်လိမ့်မည်။

The day you went away.Donde viven las historias. Descúbrelo ahora