မယ် - ၁ ( Unicode)

3.4K 239 49
                                    

လူကုံထံ ရပ်ကွက်တစ်ခုတွင် ထည်ထည်ဝါဝါရှိနေသော အိမ်တို့သည် သီးသီးသန့်သန့်ပင်ရှိနေသည်။ ခြံစည်းရိုးများက မြင့်မားသည့်အပြင် သံဆူးကြိုးများဖြင့်လည်း အထပ်ထပ်ကာရံထားလေသည်။
အပြင်လူဝင်ခွင့်မရှိ ၊ အိမ်သို့လာသော ဧည့်သည်တို့သည် စာအပို့လွှတ်ပြီးမှ ဝင်တွေ့ခွင့်ရှိ‌သည်။ ထို့ကြောင့်ပင် ထိုရပ်ကွက်သည် တိတ်ဆိတ်ကာ ခြောက်ကပ်နေသည်။ တစ်အိမ်နှင့်တစ်အိမ် အခေါ်အပြော မရှိ ၊ မေးမြန်းနှုတ်ဆက်ခြင်းလည်းမရှိ ။

ထိုရပ်ကွက်၏ လမ်းထောင့်တွင် ရှိသော တိုက်ဖြူဖြူသည် ပို၍ပင် သီးသန့်ဆန်သည်။ ခြံတံခါးအဖြူရောင်ပေါ်တွင် သံဆူးကြိုးများကာရံထားသည့်အပြင် အုတ်တံတိုင်းပေါ်တွင်လည်း သံဆူးကြိုးများကို အခွေလိုက် အခွေလိုက် တင်ထားပြန်သည်။ အိမ်ဘေးဘက်ရှိ ခြံတံတိုင်းပေါ်တွင်လည်း ပုလင်းကွဲများကို စီတန်းထားသေးသည်။

ပြတင်းတံခါးများကိုလည်း ပိတ်ထားသည့်အပြင် တံခါးမကြီးများကိုလည်း အတွင်းမှ ပိတ်ထားသည်။ တောက်ပြောင်နေသော ကျွန်းတံခါးတို့သည် အချိန်တိုင်း စေ့လျက်သား ၊ မှန်တို့ဖြင့် အလှဆင်ထားသော ပြတင်းတံခါးတို့သည်လည်း အချိန်တိုင်းတွင် ပိတ်လျက်သား။

တစ်အိမ်လုံးတွင် ပွင့်နေသော ပြတင်းပေါက်ဟူ၍ တစ်ခုသာ ရှိလေသည်။ ထိုပြတင်းပေါက်သည် မယ့် အခန်းမှ ပြတင်းပေါက်ပင်။ ပွင့်နေသော တံခါးဟူ၍လည်း တစ်ခုသာရှိသည်။ ထိုတံခါးသည်လည်း မယ့် အိပ်ခန်းဝရန်တာမှ တစ်ခုတည်းသော တံခါးမကြီးပင်။

အိမ်အပေါ်ထပ်အခန်းမှ မယ်သည် ပြတင်းတံခါးကို ဖွင့်ထားရသည်ကို နှစ်သက်သည်။ ပြတင်းပေါက်ကို ဖွင့်ကာ သံချိတ်ဖြင့် ချိတ်မည်။ ထို့နောက် ခုံပေါ်တွင်ထိုင်ကာ ပန်းပင်များကို လှမ်းကြည့်နေတော့သည်။

"မယ်ရေ"

တံခါးခေါက်သံ နှစ်ချက်နှင့်အတူ ကြားလိုက်ရသော အသံကြောင့် မယ်က ထိုင်နေရာမှ ထကာ တံခါးသွားဖွင့်သည်။

"ကြီးရွှေသာ က တံခါးတွေပိတ်ဖို့ ပြောခိုင်းလိုက်တယ်ကွယ်"

မယ် Where stories live. Discover now