"မယ် တို့ ဘယ်သွားကြမလဲဟင် "
"မယ်ကလေး သွားချင်တဲ့နေရာတွေ အကုန်လုံးကို ဦးက လိုက်ပို့မှာပေါ့"
မယ်သည် မျက်လုံးလေးများ မှေးသည်အထိ ပြုံးသည်။ ဦးအောင်မင်းက မယ့်အား ထိုသို့ မယ်ကလေးဟု ခေါ်တိုင်းတွင် မယ်သည် စိတ်လိုလက်ရ ပြုံးတတ်လေ့ရှိသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် မျက်နှာကလေးသည် ညှိုးငယ်သွားပြန်လေသည်။
မယ်၏ စိတ်ထဲတွင် ပျော်ရွှင်ခြင်းနှင့် ပူပန်ခြင်းကို တစ်ပြိုက်နက်တည်း ခံစားနေရသည်။
မယ်သည် ဦးအောင်မင်းနှင့်အတူ အပြင်သွားရမည့်အတွက် ပျော်ရွှင်နေသကဲ့သို့ ဘွားရွှေသာ သိသွားမည်ကိုလည်း ပူပန်နေပြန်သည်။
အရင်ကတည်းကမှ အပြစ်ရှာနေတဲ့ ဖွားရွှေသာက မယ့် အပြင်ထွက်တာကိုသာ သိသွားရင် ...
မယ်သည် ချက်ချင်းပင် စိတ်ပူနေသော မျက်နှာလေးဖြင့် ဦးအောင်မင်းအား မော့ကြည့်သည်။
"ဖွားဖွားရွှေသာ သိသွားရင် ဘယ်လိုလုပ်ကြမလဲ"
ဦးအောင်မင်းသည် မယ့် ကို ကြည့်ကာ ပြုံးပြသည်။
"မသိလောက်ပါဘူးမယ်ရယ် ၊ သိသွားတော့လည်း ပိုကောင်းတာပေါ့ "
"အို မကောင်းပါဘူး၊ မယ် ကြောက်တယ် "
မယ်က ခေါင်းကို ငုံ့ရင်း ဆိုသောအခါ ဦးအောင်မင်းသည် မယ့် ကိုယ်လေးကို သိမ်းကာပွေ့ဖက်ပစ်လိုက်သည်။
"မကြောက်နဲ့မယ် ဦးရှိနေသ၍ မယ်မကြောက်ပါနဲ့ "
ထိုအခါ မှ မယ်သည် အားကိုးရာရသွားသည့် ငှက်ငယ်လေးပမာ သက်ပြင်းတစ်ချက်ရှိုက်ရင်း ခေါင်းညိတ်လိုက်လေ သည်။
"မယ် ဦးကို ယုံပါတယ်"
ဦးအောင်မင်းသည် မယ်၏ စကားကို ကြားသောအခါ နှစ်နှစ်ကာကာပင် ပြုံးလိုက်သည်။ ယုန်ငယ်လေးတစ်ကောင်ကို ဖမ်းရန် အတွက် ပြင်ဆင်နေသော မုဆိုးတစ်ဦး၏ အပြုံးနှင့်ပင် ခပ်ဆင်ဆင် တူနေသည်။
******
တသွင်သွင်စီးနေသောရေသည် ကြည်လင်ကာ အေးမြနေသည်။ မယ်သည် စမ်းချောင်းထဲသို့ ဆင်းကာ လမ်း လျှောက်သည်။ ခြေဗလာဖြင့် လမ်းလျှောက်နေသောကြောင့် ရေ၏ အေးမြမှုအပြင် ကျောက်စရစ်ခဲလေးများ၏ အေးစက်သော အထိအတွေ့ကိုပါ ခံစားမိလေသည်။
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...