ဦးအောင်မင်းသည် မယ့် ကို မြင်မြင်ချင်းပင် ဂရုဏာသက်မိလေတော့သည်။
ကိုမောင်ဦးသည် မယ့်အမေနှင့် ချစ်ကြိုက်နေသည်ကို ဘွားရွှေသာက လက်မခံ ။ လက်မခံသည့်ကြားမှ ချစ်သူနှစ်ဦးသည် ခိုးပြေးသွားခဲ့သည်။ မယ်သည် ကိုမောင်ဦး၏ သမီး။ ဦးအောင်မင်းသည် အသက်ချင်းကွာလှသော မယ့်ကို သနားကြင်နာမိသလို နှစ်လည်း နှစ်သက်မိပြန်သည်။
မယ်သည် ဖခင်ရုပ်နှင့်တူသည်ဟုဆိုရမည်။ အသားဖြူသည်က မယ့် အမေနှင့် တူသော်လည်း မျက်လုံး မျက်ခုံးနှင့် မျက်တောင်များကမူ မယ့် အဖေနှင့်တူလေသည်။
မယ်သည် ဘိုဆန်ဆန်လှသည်ဟုသည်းမဆိုနိုင် ၊ မြန်မာဆန်ဆန်လှသည်ဟုလည်း မဆိုသာ ။ ခပ်သွယ်သွယ်ခန္ဓာကိုယ်ပေါ်တွင် မသိမသာ ထင်ရှားနေသော ကောက်ကြောင်းများသည် ဆွဲဆောင်မှုတစ်ခုသဖွယ် ဖြစ်နေသည်။ ဦးအောင်မင်းသည် ထိုပုံပန်း
သဏ္ဍန်ကို တမ်းတမ်းတတပင် စွဲလမ်းမိတော့သည်။မယ်ဟာ သိပ်လှတာပဲ။
ထိုသို့တွေးရင်းမှ လက်ကြားထဲတွင်ညှပ်ကိုင်ထားသောစီးကရက်ကို မီးညှိသည်။ အငွေ့ဖြူဖြူကြားတွင် မယ့်ပုံစံကို မြင်ရလေသည်။ ပြုံးရွှင်နေသော မယ်၏ ပုံစံသည် ပေါ်တလှည့် ပျောက်တစ်လှည့်။
ဦးအောင်မင်းသည် ဘိုဆန်ဆန်နေရသည်ကို သဘောကျသည်။ အဝတ်အစား အသုံးအဆောင်များကိုလည်း နိုင်ငံခြားမှ မှာယူလေသည်။ ခမ်းနားသော ထိုပစ္စည်းများသည် တန်ဖိုးကြီးသော်လည်း ကျောက်မျက်ရတနာကုန်သည် တစ်ယောက်အဖို့ ထိုပမာဏသည် မပြောပလောက်ပေ။
ငွေရှာနိုင်သော ဦးအောင်မင်းသည် ငွေဖြုန်းရသည်ကိုလည်း သဘောကျသည်။ လောင်းကစားကို ဝါသနာမပါလှသော်လည်း ငွေဖြုန်းရန်သက်သက် ကစားလေသည်။
ဦးအောင်မင်းသည် မယ့် ကိုတစ်လှည့် ငွေစက္ကူကို တစ်လှည့်တွေးမိသည်။
မယ်ကလေးရယ် နောက်များဆိုရင်လေ ဒီငွေတွေကို မယ်ပဲ ဖြုန်းစေချင်ပါရဲ့။
*******ကားဖြူဖြူသည် ခြံဝန်းအရှေ့တွင် ရပ်သည်။ မယ်သည် အိပ်ခန်းထဲတွင်ထိုင်နေရာမှ ကားသံကြားသောအခါ ဝရန်တာသို့ အပြေးလေးထွက်လာသည်။
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...