"မယ့်ကို ဒီအခန်းလေးပေးမယ်နော် "
ညင်ညာသော အသံသည် မယ့်အား လှုပ်နှိုးလိုက်သည်။
အခန်းခပ်ကျယ်ကျယ်သည် သပ်သပ်ရပ်ရပ်ရှိနေသည်။ ပစ္စည်းများသည်လည်း သူ့နေရာနှင့်သူ စနစ်တကျဖြစ်နေကာ သပ်ရပ်သန့်ရှင်းနေသည်။
ထိုအခန်းသည် နန်းအေးကြည်အတွက် တစ်ခုတည်းသော တန်ဖိုးထားရသည့်အခန်းပင်။ အိမ်သို့လာသမျှ ဧည့်သည်တိုင်းကို အဝင်မခံခဲ့သော အခန်းလည်းဖြစ်သည်။ နန်းအေးကြည်၏ လျှို့ဝှက်ထားသမျှ ကို သိမ်းဆည်းထားသော အခန်းလည်းဖြစ်သည်။ ဖုံးကွယ်ထားသမျှ ခံစားချက်တို့ကို ဖွင့်ချသွန်မှောက်ရာ အခန်းလည်းဖြစ်ပေသည်။
ထိုအခန်းကို နန်းအေးကြည်သည် မယ့်အားပေးလိုက်လေသည်။ မယ် စိတ်ရှိသလို သုံးနိုင်သည်။ မယ် စိတ်တိုင်းကျ နေနိုင်သည်။ အပြင်အဆင် နှင့် အခန်းအရောင်ကို ပင် မယ့် စိတ်တိုင်းကျ ပြောင်းလဲနိုင်ပေသည်။
"မယ် အခန်းကို သဘောကျရဲ့လား "
"ဟုတ် ရပါတယ် မမရဲ့၊ မယ် ဘယ်လိုအခန်းဖြစ်ဖြစ်နေတတ်ပါတယ်"
"တကယ်လို့ မယ် ပြင်ဆင်ချင်တာရှိရင်ပြောလေ၊ မနက်ဖြန် ပြင်ပေးမယ်"
"ဟုတ်"
မယ်သည် ခေါင်းလေးကို ညိတ်ကာ ပြုံးပြလိုက်သည်။
"ကဲ ဒါဆို သွားပြီနော် ၊ နားလိုက်ဦး"
"ဟုတ်ကဲ့"
နန်းအေးကြည်သည် တည်ငြိမ်သောခြေလှမ်းများဖြင့် အခန်းတွင်းမှ ထွက်သွားသည်။ မယ်သည် နန်းအေးကြည်၏ နောက်ကျောကို ကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
ကျောလယ်လောက်ရှိသော ဆံပင်သည် လှိုင်းတွန့်သဏ္ဍန်ရှိနေသည်။ စူးစိုက်ကြည့်တတ်သော မျက်လုံးများနှင့် တိရိပြတ်သားနေသော နှုတ်ခမ်းများ။မယ်သည် နန်းအေးကြည်၏ မျက်လုံးထဲတွင် တွေ့မိသည်မှာ ပြတ်သားခြင်းနှင့် ရဲရင့်ခြင်း။
မယ်သည် ဘုရားဝတ်ပြုပြီးသောအခါ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။ ဆာလောင်ခြင်းလည်း မရှိတော့ ။ အထီးကျန်ခြင်းလည်းမရှိတော့။ ဝမ်းနည်းခြင်းလည်းမရှိတော့။
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...