မယ် ၁၁ ( Unicode )

615 46 65
                                    

မယ် သည် နားနှစ်ဖက်ကို လက်ဖြင့်အုပ်ထားချင်မိသည်။ မိမိကို ပြောဆိုနေသော စကားကြမ်းကြမ်းတို့ကို ရင်မဆိုင်နိုင်သော မယ်‌သည် ထိုနေရာမှ ထွက်ပြေးသွားချင်မိတော့သည်။

ဘွားရွှေသာသည် ဒေါသချောင်းချောင်းထွက်ကာ အသားများပင် တဆတ်ဆတ်တုန်နေသည်။ အမှန်စင်စစ်‌တွင် ဘွားရွှေသာသည် မယ်နှင့် ဦးအောင်မင်းတို့ နီးစပ်သည့်အကြောင်းရင်းကြောင့် ဒေါသဖြစ်ခြင်းမဟုတ်ပေ။ ဦးအောင်မင်းနှင့် နီးစပ်ကာ ချစ်ကျွမ်းဝင်နေသူသည် မယ် ဖြစ်နေသောကြောင့်သာ ဒေါသအမျက်ထွက်နေခြင်းဖြစ်ပေသည်။ တစ်ဆက်တည်းမှာပင် မယ်သည် ယောက်ျားတကာတို့အပေါ် ကလူ၏ မြှူ၏ လုပ်နိုင်သောကြောင့်သာ ဦးအောင်မင်းကို ဆွဲဆောင်နိုင်ခြင်းဖြစ်သည်ဟုလည်း တွေးလိုက်ပြန်လေသည်။

ဘွားရွှေသာ၏ အတွေးထဲတွင် မယ်သည် အိ‌န္ဒြေ မရှိသူ ၊ သိက္ခာမရှိသူ ၊ စိတ်ဓာတ်နိမ့်ကျသူ ၊ ထို့ထက် မိန်းမ မာယာတို့ကို သုံးကာ ယောက်ျားတို့ကို မိမိဘက်ပါအောင် ဆွဲဆောင်ချင်သူ ဟု ယုံကြည်လိုက်တော့သည်။

"တစ်သက်လုံး ကျွေးမွေးလာတဲ့ ကျေးဇူးကိုမှ မထောက်၊ နင် မိုက်ရိုင်းလှချည်လား"

ဘွားရွှေသာ၏ လက်ဝါးတစ်ဖက်သည် လေပေါ်သို့မြောက်တက်ကာ မယ့် ဆီသို့ ဦးတည်လာသည်။ သို့ရာတွင် မယ့် ပါးပြင်ပေါ်ကား မရောက်လိုက်။
ဦးအောင်မင်းက ခန္ဓာကိုယ်ဖြင့်ကွယ်ကာ ကာလိုက် သောကြောင့် ဘွားရွှေသာ၏ လက်ဝါးသည် ဦးအောင်မင်း၏ ကိုယ်ပေါ်သို့သာ ကျလေသည်။

ဘွားရွှေသာသည် အကြီးအကျယ်ပင် ဒေါသဖြစ်တော့သည်။

"နင်တို့နှစ်ယောက် ငါ့အိမ်မှာ ခွေးဇာတ်ခင်းနေကြတာလား"

မယ်သည် ပြန်ပြောစရာ စကားမရှိ။ ခေါင်းကို ငုံ့ကာသာ ရှိုက်ငိုနေမိသည်။

"တစ်ယောက်က ငါ့အိမ်မှာနေပြီး ငါ့အိမ်က မြေးကို ကြံစည်တယ်၊ သင်း ကလည်း ယောက်ျားမြင်ရင် မြူစွယ်တယ် ။ မယ် နင်ဟာလေ နင့်အမေနဲ့ တစ်ပုံစံတည်းပဲ"

ဦးအောင်မင်းသည် ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။ ဘွားရွှေသာသည် မယ့်ကို မြေးတစ်ယောက် အဖြစ် သတ်မှတ်ခဲ့ခြင်းမျိုး မရှိပါဘဲ ယခု အချိန်မှ ငါ့အိမ်က မြေး ဟု ပြောထွက်လာခြင်းကို ရယ်သွမ်းသွေးလိုက်ချင်သည်။

မယ် Où les histoires vivent. Découvrez maintenant