Unicode
PP Krit တဲ့....မနေ့ညက ကျွန်တော်သွားနေကျ ဘားမှာ သီချင်းဆိုနေတဲ့ကောင်လေး။
ဘားထဲမ၀င်ခင်ကတည်းက သဲ့သဲ့လေးကြားရတဲ့အသံကတောင် ချိုဆိမ့်နေတာပဲ။ ကျွန်တော် ဒီအသံပိုင်ရှင်ကို စိတ်၀င်စားလို့ ဘားထဲမြန်မြန်၀င်ပြီး ကြည့်လိုက်တယ်။
ပထမသီချင်းတစ်ပိုဒ်ပြီးတဲ့အထိ သူ့ကိုမတ်တပ်ရပ်ပြီးကြည့်နေမိတယ်။ ပြီးမှ ဘားမှာ ၀င်ထိုင်လိုက်ပြီး Bartender ကိုမေးလိုက်တယ်။
"အခုသီချင်းဆိုနေတဲ့လူက ပုံမှန်ဆိုသောက်တတ်လား"
Bartender ကိုသူသောက်တတ်လားမေးပြီး သောက်တတ်တယ်ဆိုတော့ ဝိုင်တစ်ခွက်နဲ့အတူ ကျွန်တော်သောက်ဖို့ ဝီစကီပါမှာလိုက်တယ်။
သူဆိုနေတဲ့သီချင်းက ချစ်သူက လိမ်ညာပြီး လှည့်စားခဲ့လို့ နာကျင်ခံစားနေရတဲ့သီချင်း။ သီချင်းကြောင့်လား၊ အသံကြောင့်လား၊ အသံပိုင်ရှင်ကြောင့်လားမသိ နားထောင်ရင်းနဲ့ အဲ့သီချင်းထဲမှာ ကျွန်တော် မျောသွားတယ်။
သီချင်းပြီးခါနီးတော့ ကျွန်တော်မှာထားတဲ့ ဝိုင်ကိုသူ့ကိုသွားပေးလိုက်တယ်။ သူလက်ခံတယ်ဗျာ ကျွန်တော်မယုံနိုင်ဘူး။
သူကျွန်တော့်ကိုသတိထားမိသွားပြီထင်တယ်။သီချင်းဆိုရင်းနဲ့မှ သူကကျွန်တော့်ကိုပြုံးပြတယ်။ သူ့အကြည့်နဲ့အပြုံးက ဝီစကီရဲ့ ခါးသက်သက် ပူရှိန်းရှိန်း အရသာကိုတောင် ခဏမေ့သွားစေတယ်။
သီချင်းပြီးသွားတော့ သူစင်ပေါ်ကဆင်းသွားပြီး နောက်တစ်ယောက်တက်လာတယ်။
---------------Toilet ရှေ့မှာ မထင်မှတ်ပဲသူနဲ့တွေ့ခဲ့တယ်။ သူကျွန်တော့်ကို စိုက်ကြည့်နေတာဗျ။ ကျွန်တော်သူ့ကိုပြုံးပြလိုက်ပြီး သူသီချင်းဆိုတာကောင်းကြောင်း ပြောလိုက်တယ်။ သူက "ကျေးဇူးပါ" တဲ့။ ကျွန်တော် တကယ် သူနဲ့စကားပြောခွင့်ရချင်နေခဲ့တာပါ။
ပြန်ခါနီးတော့ စောစောက Bartender ကိုပဲ သူ့နာမည်လေးမေးခဲ့လိုက်တယ်။
----------------ဒီနေ့တော့ ကျွန်တော်သူနဲ့ စကားပြောခွင့်ရအောင် ကြိုးစားတော့မယ်။
YOU ARE READING
Mr. Handsome is My Daddy
FanfictionCover pic by @MaYa__H Unicode ကျွန်တော်တို့ဇာတ်လမ်းရဲ့အစမှာ ဝီစကီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်ရယ်၊ အသည်းကွဲသီချင်းတစ်ပုဒ်ရယ်...... လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားဖို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် တစ်နေ့မှာ မြင်မြင်ချင်းချစ်မိသွားရလေ...