Unicode
အိပ်ရာထဲတွင် လူးကာလှိမ့်ကာနှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် PP အိပ်မပျော်နိုင်။ လွမ်းတယ်ဆိုတာ ဒီလိုကြီးလား....ရင်ထဲမှာဟာတာတာနဲ့.....ဗိုက်ဆာပေမယ့် ဘာမှမစားချင် အိပ်နေပေမယ့်အိပ်မပျော်.....အလုပ်လုပ်နေပေမယ့် စိတ်နဲ့ကိုယ်နဲ့မကပ်။ သူဒီအချိန် ဘယ်သူတွေနဲ့ ဘာတွေလုပ်နေမှာလဲ တွေးမိတာက အခါခါ။ အနှောက်အယှက်ဖြစ်မှာစိုးလို့ စာတွေအများကြီးလည်း မပို့ရဲ။
အိပ်မပျော်မယ့်အတူတူ PP တစ်ယောက် IG ဖွင့်လိုက်သည်။ IG ဖွင့်ဖွင့်ချင်း မျှော်နေတဲ့လူတစ်ယောက်ရဲ့ post တက်လာတော့သည်။ တင်ထားသောပုံမှာ ဝိုင်းစက်ပြည့်၀န်းနေသော လမင်းကြီးပုံပင်။
'မင်းသာရှိနေရင် ကောင်းမယ်'
Caption ကိုဖတ်ပြီး PP ပြုံးလိုက် မိသည်။ တပြိုင်နက်တည်းမှာပင် ဒီနေ့လပြည့်နေ့ဆိုတာကိုပါသတိရသွားပြီး bar ရဲ့ rooftop မှာ အတူတူ လမင်းကြီးကို ကြည့်ခဲ့ဖူးတဲ့အချိန်များကခေါင်းထဲရောက်လာသည်။
'မအိပ်သေးဘူးလား'
PP သတိရနေတုန်း Kin ဆီက message ရောက်လာသည်။
'တစ်ယောက်ယောက်ကို လွမ်းနေလို့'
PP ကစာပြန်ပို့လိုက်တော့ ချက်ချင်းပင် video call ၀င်လာသည်။
"အိပ်တော့လေ P ရဲ့၊ မနက်ဖြန် schedule ရှိတယ်မလား"
"ဟင်၊ P'Kin က P schedule ကိုအလွတ်ကျက်ထားတာလား"
"Ha ha အလွတ်မကျက်ရပါဘူးဗျာ၊ အလွတ်ကိုရနေတာပါ၊ နေပါဦး တစ်ယောက်ယောက်ကို လွမ်းနေတယ်ဆိုတာ ဘယ်သူ့ကိုများလဲ?"
"မသိဘူး"
"ဟောဗျာ ရှက်နေပြန်ပြီလား""-------"
"အရမ်းလွမ်းတယ်၊ ကိုယ့်ကိုလည်း အများကြီးလွမ်းနေပေးဦးနော်""အင်းပါ၊ ဒါနဲ့ အဲ့ဒီမှာ အခုမနက်ပိုင်းမလား"
"အင်းလေ"
"ဒါဆို တင်ထားတဲ့ပုံက?"
"ညက ရိုက်ထားတာ၊ P....ကိုယ် အပြင်သွားတော့မလို့ တာ့တာနော် mwah"Kin ဆီက ဖုန်းချသွားတော့ PP နှုတ်ခမ်းလေးကွေးကာ ကျန်ခဲ့သည်။
'ကလောင်....'
Phone noti အသံကြောင့် ဖုန်းကိုဖွင့်ကြည့်လိုက်သည်။
YOU ARE READING
Mr. Handsome is My Daddy
FanficCover pic by @MaYa__H Unicode ကျွန်တော်တို့ဇာတ်လမ်းရဲ့အစမှာ ဝီစကီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်ရယ်၊ အသည်းကွဲသီချင်းတစ်ပုဒ်ရယ်...... လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားဖို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် တစ်နေ့မှာ မြင်မြင်ချင်းချစ်မိသွားရလေ...