Unicode
"Ai Billkin, နိုးပြီလား၊ ငါမနက်စာပြင်ထားတယ်၊ Company သွားမှာပဲမလား၊ ငါ့ကားနဲ့လိုက်ခဲ့မလား"
"ဟင့်အင်း၊ ငါ P ဆီသွားလိုက်ဦးမယ်"
"အင်းပါ၊ ကောင်းကောင်းချော့ခဲ့နော်၊ ချော့လို့မရရင် ဖက်နမ်းခဲ့"
"မင်းနည်းလမ်းကြီးကလည်းကွာ"
"အံမယ်၊ ဘာဖြစ်တာလဲ၊ မင်းက ဖက်နမ်းတာထက်ပိုကြမ်းတာ လုပ်မလို့လား"
Oab က ပြုံးစိစိနဲ့စတော့ Kin က ပြုံးကာ မျက်ခုံးပင့်ပြသည်။
"ငါတကယ်၀မ်းသာတယ်၊ နောက်ဆုံးတော့မင်းတကယ်ချစ်တဲ့သူကိုတွေ့သွားလို့လေ"
Oab က Kin ပခုံးကို ကိုင်ကာ ပြောလိုက်တော့ Kin ကနှုတ်ခမ်းယဲ့ယဲ့လေးစေ့ကာ မျက်လုံးကလေးမှေးရင်း ခေါင်းညိတ်ပြပြီး Oab စကားကို အသိအမှတ်ပြုပေးလိုက်သည်။
"မင်းကော? မင်းကော တွေ့ပြီလား?"
"အွန်း.......တွေ့ပြီဆိုပါတော့၊ ဒါပေမယ့် အခုမပြောပြနိုင်သေးဘူး၊ နောက် မှပြောပြမယ်""မင်းကလည်း အချင်းချင်းတွေ လျှိုလိုက်တာ"
"မလျှိုပါဘူးကွာ၊ သေချာပြီဆို မင်းကိုပထမဆုံးပြောပြမယ်၊ အိုခေ?""ပြီးကော"
--------------PP တစ်ယောက် ရေမိုးချိုးပြင်ဆင်ပြီး ကျောင်းသွားရန် ထွက်ခဲ့ရာ တိုက်ခန်း အရှေ့တွင် ရင်းနှီးသောကားကိုတွေ့သည်။ ကားကိုခဏရပ်ကြည့်လိုက်ပြီး သက်ပြင်းချကာ မမြင်သလိုဟန်ဆောင်၍ ထွက်လာခဲ့သည်။
PP ကမမြင်ယောင်ဆောင်ပြီးထွက်လာခဲ့သော်လည်း PP လမ်းလျှောက်လာသည့်တစ်လျှောက်လုံးဘေးကနေ ကားနှင့်လိုက်ကာ စကားပြောနေတော့သည်။
"P ....ကိုယ့်ကိုစကားလေးပြန်ပြောပါဦးကွာ"
"-------------""အဲ့ဒီ mv ကိစ္စက ကိုယ် decision တောင်မချရသေးပါဘူးကွာ"
"--------------""P သဘောမကျရင် ကိုယ်မလုပ်ပါဘူး၊ နော် P နော်၊ ကိုယ်တို့စကားပြောရအောင်လေ"
"------------"Kin ကတောက်လျှောက် ဘေးကလိုက်ကာ တောင်းပန်နေသော်လည်း PP ကဘာတစ်ခွန်းမှပြန်မပြော၊ အတော်ခက်သောကောင်လေးပင်၊ ခေါင်းကလည်းမာပြီး၊ ဒေါသကလည်းကြီးသေးသည်။
YOU ARE READING
Mr. Handsome is My Daddy
FanfictionCover pic by @MaYa__H Unicode ကျွန်တော်တို့ဇာတ်လမ်းရဲ့အစမှာ ဝီစကီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်ရယ်၊ အသည်းကွဲသီချင်းတစ်ပုဒ်ရယ်...... လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားဖို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် တစ်နေ့မှာ မြင်မြင်ချင်းချစ်မိသွားရလေ...