Unicode
"keun ni chang yao nan, dtae man kong mai bpen rai 🎶
သိပ်ကိုကြာရှည်လွန်းတဲ့ ညပဲ.....ဒါပေမယ့် ကိုယ်အဆင်ပြေလိမ့်မယ်ထင်ပါတယ်🎵
go keun ni tang jai chan yang gep wai hai ter🎵
ကိုယ့်နှလုံးသားတွေ အကုန် မင်းပိုင်ပါတယ်🎶
yang ngao nai bang ti, dtae............
ဒီလိုအချိန်တွေမှာ ကိုယ်အထီးကျန်ရတယ်....ဒါပေမယ့်......
ခေါ်ထော့ Phi"
သီချင်းအသံသွင်းနေရင်း PP အသံကပ်သွားသောကြောင့် တောင်းပန်စကားပြောပြီး ရပ်လိုက်သည်။ rehearsal တုန်းကအကောင်း ဒီနေ့ကျမှ စိတ်ရှုပ်တာကော စိတ်လှုပ်ရှားတာကောပေါင်းပြီး PP သီချင်းထဲ အာရုံမစိုက်နိုင်ဖြစ်နေသည်။
"အာရုံစိုက် PP....... သီချင်းကို အာရုံစိုက်"
Art က recording room အပြင်ဘက်ကနေ လှမ်းသတိပေးသည်။ ဟုတ်သည်၊ PP စိတ်တွေ မနက်ကကိစကြောင့် ပျံ့လွင့်နေတာ အရမ်းသိသာနေသည်။
"P ခဏနားလို့ရမလား P'Art"
"အင်းပါ အချိန်ရသေးတယ်၊ အရမ်းဖိအားမပေးနဲ့ေနာ်၊ ခဏနားရအောင်"
PP တစ်ယောက် recording room ထဲကထွက်လာပြီး ရေသောက်ရင်း ခဏနားနေလိုက်သည်။ နားနေရင်းနှင့် သီချင်းစာရွက်လေးဖတ်နေသော PP အနားသို့ P'Art လာကာ
"စိတ်လှုပ်ရှားနေတာလား Nong"
"ဟုတ်တယ် Phi ရဲ့, P'Kin လည်းမရှိတော့..."
"အစ်ကိုနားလည်ပါတယ်၊ ပထမဆုံးဆိုတော့ ဒီလိုပဲဖြစ်တတ်ပါတယ်၊ အရေးကြီးတာက, ကိုယ့်ကိုယ်ကို အရမ်း ဖိအားမပေးမိဖို့ပဲ"
"ဟုတ်ကဲ့ပါ Phi"
"အစ်ကို အကြံတစ်ခုပေးမယ်"
"ဟုတ်"
"သီချင်းစာသားတွေကို Nong နားလည်တယ်မလား"
"စာသားတွေက တစ်ယောက်ယောက်ကို သတိရနေတဲ့ အကြောင်းမလား"
"ဟုတ်တယ်၊ အစ်ကိုပြောချင်တာက Nong သီချင်းစာသားတွေကို နားလည်ပြီဆိုရင် သီချင်းထဲကလူနေရာမှာ ၀င်ခံစားကြည့်လိုက်"
"------"
"ဥပမာ....Nong တစ်ယောက်ယောက်ကို လွမ်းဖူးရင် အဲ့တုန်းကခံစားချက်ကို recall ပြန်လုပ်ကြည့်၊ ဒါမှမဟုတ် အခုပဲ တစ်ယောက်ယောက်ကို လွမ်းကြည့်လိုက်"
YOU ARE READING
Mr. Handsome is My Daddy
FanfictionCover pic by @MaYa__H Unicode ကျွန်တော်တို့ဇာတ်လမ်းရဲ့အစမှာ ဝီစကီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်ရယ်၊ အသည်းကွဲသီချင်းတစ်ပုဒ်ရယ်...... လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားဖို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် တစ်နေ့မှာ မြင်မြင်ချင်းချစ်မိသွားရလေ...