Unicode
ကားထဲတွင် PP အရမ်းချမ်းနေပုံရသဖြင့် Kin က ကား air con ကိုလျှော့ပေးလိုက်သည်။ ကားကိုခဏရပ်လိုက်ပြီး ကားအနောက်ခုံမှ neck pillow နှင့် ဂျာကင်တစ်ထည်ကို PP အတွက်ယူပြီး ပြန်လှည့်လာလိုက်တော့ Kin လုပ်ရပ်ကို အနားကပ်ကာစပ်စုနေသော PP ပါးကို အရံသင့်လေး Kin နှာခေါင်းနှင့် နမ်းမိသွားသည်။
နှစ်ယောက်လုံး တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး မင်သက်နေမိသည်။ Kin မျက်လုံးထဲကိုကြည့်ကာ PP အဓိပ္ပါယ်ဖော်နေမိသလို PP မျက်လုံးကိုလည်း Kin ဖတ်နေမလား PP သိချင်သည်။ ခဏနေတော့ Kin က လက်ထဲကိုင်ထားတဲ့ဂျာကင်ကိုထပ်ခြုံပေးလိုက်ပြီး neck pillow ကို PP လက်ထဲ ထည့်ပေးလိုက်သည်။
"P အအေးမိလိမ့်မယ်၊ ခဏမှေးနေလိုက်"
မျှော်လင့်နေသော စကား မဟုတန်သောကြောင့် PP စိတ်မရှည်ပဲ သက်ပြင်းချလိုက်သည်။
"P'Kin....P ကိုကြိုက်နေတာလား"
ရုတ်တရတ် ဒဲ့တိုးပြောချလိုက်တဲ့ PP စကားကြောင့် Kin မျက်လုံးပြူးကာ PP ကိုကြည့်နေသည်။ မျက်ခုံးတဖက်ကို ထုံးစံအတိုင်းပင့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"ကိုယ်......P ကိုနမ်းလို့ရမလား"
အရာအားလုံးက မြန်ဆန်လွန်းလှသည်။ PP ခေါင်းကို ဖြည်းညင်းစွာညိတ်ပြတော့ Kin ကနမ်းရန် အနားကို ဖြည်းဖြည်းချင်းတိုးလာနေသည်။ PP ကျောကို Kin လက်တစ်ဖက်ကပွေ့ထားပြီး PP လက်တစ်ဖက်က Kin လည်ပင်းကိုပွေ့ပတ်ထားသည်။
သီချင်းတစ်ပုဒ်မှာ chorus က tempo အမြင့်ဆုံးဆိုရင် intro က chorus မှာမြင့်တက်လာမယ့် tempo ရဲ့အစပျိုးခြင်းဖြစ်ရသည်။ ယခုအနမ်းများသည်လည်း သီချင်းတစ်ပုဒ်ရဲ့ intro ကဲ့သို့ပင် ငြိမ့်ညောင်းလှသည်။ ပြီးတော့ ဒီအနမ်းက အဆုံးသတ်မဟုတ်၊ Verse နှင့် Chorus တို့ကိုဆက်ဦးဆောင်သွားပေလိမ့်ဦးမည်။
PP အင်္ကျီထဲသို့ Kin လက် များနယ်ကျော်သွားမိသည်။
"P'Kin ကို Daddy လိုခေါ်လို့ရမလားဟင်"
အသက်ရှူသံပြင်းပြင်းနှင့် အသံထွက်ရုံမျှ ပြောထွက်လာသော PP အသံမှာ ယစ်မူးနေပြီး Kin စိတ်ကို ဆွပေးနေသည်။
YOU ARE READING
Mr. Handsome is My Daddy
FanficCover pic by @MaYa__H Unicode ကျွန်တော်တို့ဇာတ်လမ်းရဲ့အစမှာ ဝီစကီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်ရယ်၊ အသည်းကွဲသီချင်းတစ်ပုဒ်ရယ်...... လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားဖို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် တစ်နေ့မှာ မြင်မြင်ချင်းချစ်မိသွားရလေ...