15. Back Together (Uni+ZG)

415 35 30
                                    

Unicode

'PP : ငါတို့စတွေ့တုန်းကအချိန်တွေကိုသတိရတယ်
BK : ကိုယ်လည်းသတိရတယ်၊ ကိုယ့်ကိုစကားပြောပါတော့နော် 🥺
သူတို့ကတွဲနေတာပဲ
#BKPP #BKPPisreal'

'PP Krit က Nadao ရဲ့ CEO, Billkin နဲ့တွဲနေတာလား?'

'#KhunKrit လား #BKPP လား?'

'ငါကတော့ PP နဲ့ Khun နဲ့ပိုလိုက်တယ်ထင်တယ် #KhunKrit'

'PP က CEO နဲ့တောင် Flirt နေတာပဲ၊ မလွယ်ဘူးနော်'

မိနစ်ပိုင်းအတွင်း Twitter နဲ့ IG မှာ ပို့စ်တွေတက်လာပြီး PP ရဲ့ IG မှာလည်း message request များတက်လာသည်။ တစ်ချိန်တည်းမှာပင် Kin ဆီက message လေးတစ်စောင်ရောက်လာသည်။

'ကိုယ်နဲ့စကားပြောလို့ရပြီလားဟင်?'
ထိုစာလေးနဲ့အတူ တွဲပို့လာတဲ့ပုံကလေးက PP အခန်းရှေ့မှာ ရိုက်ထားတဲ့ပုံလေး.....

PP တစ်ယောက် အမြန်ပင် တံခါးသွားဖွင့်လိုက်တော့ အခန်း၀အပြင်ဘက် မှာ ရပ်နေတဲ့ Kin ကိုတွေ့လိုက်ရသည်။

PP ကိုတွေ့တွေ့ချင်း Kin က မရဲတရဲအပြုံးလေးနှင့်ပြုံးပြလိုက်တော့ ပါးချိုင့်လေးပါခွက်သွားသည်။

ပါးချိုင့်လေး.....ဟုတ်သည်....ဒီပါးချိုင့်လေးက PP ရဲ့ပျော့ကွက်ကလေး.....မမြင်ရတာကြာလို့လားမသိ ပါးချိုင့်လေးကိုမြင်တော့ ရင်ထဲအေးသွားသည်။

'မဖြစ်သေးဘူး မဖြစ်သေးဘူး၊ ချက်ချင်းကြီး စိတ်ဆိုးမပြေနဲ့လေ'

PP စိတ်ကိုပြန်ထိန်းလိုက်ပြီး မျက်နှာကိုတည်ကာ တံခါးကိုဆွဲပိတ်လိုက်သည်။
သို့သော် တစ်စုံတစ်ခုခံသွားသောကြောင့် တံခါးကပိတ်မသွားချေ။

"အား...အား"

PP တံခါးပိတ်သွားမှာကိုကြောက်တဲ့စိတ်နဲ့ ရုတ်တရတ် တံခါးကြားထဲ လက်ထည့်လိုက်ခြင်းပင်။ Kin အော်သံကြောင့် PP ပါ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီး ပူထူသွားသည်။

"ဟင် ဘာ ဘာဖြစ်သွားသေးလဲဟင်၊ ဘာလို့ လက်ကိုထည့်လိုက်ရတာလဲ၊ နာသွားမှာကိုမသိဘူးလား"

"စိတ်ပူတဲ့‌ေဇာနဲ့ စိတ်ကောက်တာကိုပေါင်းပြီး အသံစူးစူးလေးကို မြန်မြန်ပြောလိုက်တော့ PP နှုတ်ခမ်း‌ေလးက အလိုလိုထော်လာသည်။

Mr. Handsome is My DaddyWhere stories live. Discover now