3. Closer (Uni+ZG)

505 46 16
                                    

Unicode

Rooftop ကနေ ကောင်းကင်ကြီးကိုမော့ကြည့်ရသော အရသာကို PP အခုမှသိသည်။ ညခင်းလေအေးလေးများတိုက်ခတ်နေပြီး လမ်းမပေါ်သွားနေသော ကားသံများကို သဲ့သဲ့သာကြားရသည်။

ဒီဘားမှာလုပ်နေတာ တစ်လ‌လောက်ရှိပြီဖြစ်သော်လည်း rooftop ကို PP တစ်ခါမှမရောက်ဖူးချေ၊ ရှိမှန်းတောင်မသိ။သီချင်းဆိုပြီးတာနဲ့ အိမ်ကို အပြေးပြန်ခဲ့တာချည်း။ တစ်စံုတစ်ယောက်ရဲ့ကျေးဇူးကြောင့် အခု သိခွင် မြင်ခွင်ရခဲ့လေပြီ။

မျက်နှာကိုလေများရိုက်ခတ်နေသည့်ကြားက ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သတိထားမိလိုက်တာက လမင်းကြီး။ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် လမင်းကြီးက ဝိုင်းစက်နေသည်။

PP ဘေးကို လှည့်ကြည့်လိုက်တော့ သူလည်း လမင်းကြီးကိုမော့ကြည့်နေသည်။ ‌သိသာထင်ရှားစွာကွေးကျနေသော နှာခေါင်းနှင့် စူထွက်နေသော Adam's Apple တို့ကို ဘေးကနေကြည့်မိလိုက်တော့ PP မျက်လုံးများက လမင်းကြီးဆီပြန်မသွားချင်တော့ပဲ Kin ဆီမှာတင် တွယ်ငြိနေသည်။

Kin က လမင်းကြီးကိုမော့ကြည့်နေရာမှ PP ဘက်ကိုလှည့်ကြည့်လိုက်တော့ Kin ကိုခိုးကြည့်နေတဲ့ PP လူမိသွားသည်။

"ဟို ဟိုလေ၊ ဒီကို တစ်ခါမှမရောက်ဖူးဘူး"
"ကိုယ်ကတော့ ရောက်ဖူးတယ်၊ ဒီ ဘားမှာ ဒီနေရာက ကိုယ်အကြိုက်ဆုံးပဲ"

"အင်း P လည်းသဘောကျတယ်သိလား၊ စိတ်ဖိစီးမှုတွေလျော့သွားသလိုခံစားရတယ်"

"P စိတ်ဖိစီးနေတာရှိနေလို့လား၊ ကိုယ်ကူညီနိုင်တာရှိလားဟင်"

"ဟင်းဟင်း၊ P က‌သဘောပြောတာပါ၊ စိတ်ဖိစီးတာရယ်လို့ အတိအကျဝောာ့လည်း မရှိပါဘူး။ ကျောင်းစာရယ် အလုပ်ရယ်နဲ့၊ ကိုယ့်ဘ၀ကိုယ်ကျောင်းရတာ နည်းနည်းတော့ပင်ပန်းတာပေါ့၊ ဒါပေမယ့်ကျင့်သားရနေပါပြီ"

"P မိဘတွေကော"

"Phaw နဲ့ Mae က ဆုံးသွားတာကြာပါပြီ၊ P ဆယ်နှစ်သားလောက်တည်းက အဒေါ်နဲ့ပဲနေခဲ့တာ"

"ကိုယ်စိတ်မကောင်းပါဘူး၊ ဒါပေမယ့် P ကိုတော့ချီးကျူးပါရစေ၊ P ကတကယ်တော်တဲ့သူပဲ"

Mr. Handsome is My DaddyWhere stories live. Discover now