16. Happy Together [Final] (Uni+ZG)

551 42 19
                                    

Unicode

‌Kin နဲ့ပြန်အဆင်ပြေပြီးတဲ့နောက် ခါတိုင်းလိုပဲ ကျောင်းဆင်းတိုင်း Kin က PP ကိုကျောင်းကနေလာကြိုတတ်သည်။

လိုင်းပေါ်မှာပျံ့နေတဲ့ PP နဲ့ Kin တို့အကြောင်းကိုလည်း Fan တွေကလာမေးကြသည်။

"အစ်ကိုနဲ့ P'Billkin နဲ့က တွဲနေကြတယ်လို့ပြောနေကြတာအမှန်ပဲလားရှင့်"
"ဟုတ်ပါတယ်၊ အစ်ကိုတို့တွဲနေတာပါ"

"ဒါဆို P'Khunpol ကကော?"
"သူက အစ်ကို့ရဲ့ အဖေတူအမေကွဲအစ်ကိုပါ"
"ဒါဆို BKPP က real ဆိုတာ အစ်ကိုကိုယ်တိုင် confirm လိုက်ပြီပေါ့နော်"
"ဟုတ်"

"ဒါကတော့ မင်မင်တို့ရဲ့ PP Krit လေးက သူ့အချစ်ရေးနဲ့ပါတ်သတ်ပြီး သူကိုယ်တိုင် confirm ထားတာပဲဖြစ်ပါတယ်၊ မင်မင်တို့ကတော့ PP က ဘယ်သူနဲ့တွဲတွဲ အားပေးနေမှာပါနော်၊ နောက်ထပ်ထွက် မယ့် သီချင်းတွေကိုလည်း စောင့်နေပါတယ်ရှင့်"

PP ရဲ့ official fan club ကတင်တဲ့ အင်တာဗျူးကို ကြည့်ပြီးနောက် May ကစကားစသည်။

"အမယ်၊ confirm တောင်လုပ်လိုက်ပြီပေါ့လေ၊ မြန်ချက်ပဲ"
"ဟင်းဟင်း"
"ဒါ‌ေပမယ့် နင့်ကို Khun နဲ့ ship ကြတဲ့လူနည်းစုရှိကြသေးတယ်နော်"
"အေးဟုတ်တယ်ဟ၊ တချို့က ဆက် ship နေကြသေးတယ်၊ တချို့ကတော့ ငါ့ကိုစိတ်ဆိုးကြတယ်လေ"
"သူတို့နင့်ကို မကောင်းတဲ့စာတွေပို့သေးလား"

PP ကကြိုတွေးထားပြီးသား ပုံစံနှင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပေမယ့် May ကတော့ စိတ်ပူသွားမိသည်။ သူမသူငယ်ချင်းက အတွေးလွန်တတ် အားငယ်တတ်တာ သူမ သိတာပေါ့လေ။

"နင်အဆင်ပြေရဲ့လား PP"
"ငါအဆင်ပြေပါတယ်၊ ငါအားလုံးကြိုတွေးထားပြီးသား၊ တကယ်လို့ ဒီကိစ္စကိုဖုံးထားပြီး သူတို့အလိုကျ Khun နဲ့ပဲ ဆက်ပြီးတွဲလုပ်ပြနေမှသာ ငါစိတ်မလုံဖြစ်ပြီးအဆင်မပြေမှာ၊ ငါ့ကိုမကောင်းပြောကြတဲ့သူတွေက ငါ့ကို တကယ်သဘောာ မကျလို့ပဲနေမှာပေါ့၊ ငါလက်ခံပါတယ်၊ အနည်းဆုံးတော့ ငါ့ကိုချစ်ပေးကြတဲ့သူတွေရှိနေသေးတာပဲ"

"နင်တကယ်ရင့်ကျက်သွားတာပဲ"

"အမယ်၊ အဲ့လောက်လည်းငါ့ကိုမြှောက်ပြောမနေနဲ့၊ ဘယ်မလဲ မွေးနေ့လက်ဆောင်"
"အမယ် ဒါကျသတိရတယ်၊ birthday treat ကကော ဘယ်မလဲ?"
"လာမှာပေါ့၊ နင်စားချင်တာမှာဟာ၊ ဒီမှာမလောက်ရင် အပြင်ထွက်စားမယ်"
"အမလေးလေး၊ ဒီမှာဆိုရပါပြီ၊ လက်ဆောင်ကတော့ ငါအိမ်မှာပြင်ထားပြီးသားဟ၊ ကျန်ခဲ့တာ၊ မနက်ဖြန်ယူလာမယ်လေဟာနော်"

Mr. Handsome is My DaddyWhere stories live. Discover now