6. Cannot Replaced (Uni+ZG)

426 41 12
                                    

Unicode

"P...P... ခဏနေပါဦး P..."

စိတ်တိုတိုနဲ့ ထွက်လာလိုက်တာ ခြေလှမ်းတွေလိုတာထက်ပိုမြန်သွားမှန်းတောင် PP သတိမထားမိတော့။

Kin က PP နာမည်ကိုခေါ်က အနောက်ကပြေးလိုက်နေသည်။ အနည်းငယ် နီးကပ်လာတော့ PP လက်ကို အမိအရဆွဲလိုက်သည်။

"P ခဏနေပါဦးကွာ၊ P ထင်သလိုမဟုတ်ပါဘူး"

"P ဘာကိုမှ ထင်ကြေးနဲ့ မသတ်မှတ်ဘူး P'Kin, အခုက အထင်မဟုတ်ဘူး၊ အမြင်။ P မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာကို P'Kin က ဘာပြောချင်သေးတာလဲ"

"မဟုတ်ဘူး P...P မြင်တာက အမှားကြီး၊ တကယ်က..."

"တော်ပြီ၊ ဘာမှ လာရှင်းပြမနေနဲ့တော့၊ P'Kin မျက်နှာလည်းမမြင်ချင်ဘူး၊ P'Kin အသံလည်း မကြားချင်ဘူး၊ P နောက်က လိုက် မလာနဲ့"

PP တစ်ယောက် ပြောချင်တာပြောပြီး ထွက်သွားသည့်နောက်သို့ ဆက်လိုက်ရန် Kin ကြိုးစားမိသည်။ မိမိနောက်လိုက်လာသေးမှန်းသိသော PP က‌နောက်လှည့်၍

"P ကိုတစ်သက်လုံးပြန်မမြင်ချင်တော့ဘူးဆိုရင် P နောက်ကို ဆက်လိုက်လာခဲ့"

မျက်ရည်များပြည့်နေသော မျက်၀န်းများဖြင့် Kin ကို မျက်စောင်းစေ့စေ့ထိုးကာ ပြောလိုက်တော့ Kin ခြေထောက် များ ချက်ချင်းဆိုသလို တန့်ခနဲ ရပ်သွားသည်။ Kin မျက်၀န်းထဲက မျက်ရည်စအနည်းငယ်ကို PP မြင်ပေမယ့် လျစ်လျူရှုကာ ထွက်ခဲ့လိုက်သည်။

မိမိစကားကိုတောင် နားမထောင်ပဲ ဇွတ်ထွက်သွားသော ကလေးဆိုးလေးကို ကြည့်ရင်း လိုက်ရှင်းပြလိုသောစိတ်များနှင့်၊ လိုက်လည်းလိုက် မသွားရဲသောစိတ်များ လွန်ဆွဲနေသည်။ မျက်ရည်စများကို မျက်တောင်နှင့် ပုတ်ခတ်လိုက်ပြီး မငိုမိအောင် ပြန်ထိန်းလိုက်သည်။
----------------

"Ai Kin မင်းသူ့နောက်လိုက် မသွားဘူးလား"

မှိုင်တွေစွာဖြင့် အခန်းထဲပြန်၀င်လာသော Kin ကို Oab ကမေးရှာတော့ Kin ခေါင်းခါပြလိုက်သည်။

"ငါရှင်းပြချိန်တောင်မရလိုက်ပါဘူးကွာ။ သူတော်တော်စိတ်ဆိုးသွားတာ"

"ငါမရည်ရွယ်ပါဘူးကွာ၊ ငါတောင်းပန်ပါတယ်"

"Hey ရပါတယ်ကွ၊ မင်းအမှားမဟုတ်ပါဘူး"

Mr. Handsome is My DaddyWhere stories live. Discover now