Unicode
"Hello, Goy"
"Hello, Billkin နင်ဒီနေ့ပြန်လာမှာဆို?"
"ပြန်လာမှာ မဟုတ်ဘူး၊ အခု ဘန်ကောက်ကိုရောက်နေပြီ၊ လေဆိပ်မှာ"
"ဟယ်၊ ဘာလို့ကြိုမပြောတာလဲ၊ ကားလွှတ်ပေးမှာပေါ့"
"ရတယ်၊ ငါအခုနင့်ကိုဆက်လိုက်တာက၊ ငါပြန်ရောက်တာ နင့်ကိုအသိပေးဖို့ရယ် Monday ကျရင် ငါလုပ်စရာရှိတဲ့အလုပ်တွေကို ငါ့ကိုပို့ထားပေးဖို့ရယ် အဲ့ဒါပြောမလို့"
"Ok Ok...ငါကားမလွှတ်ပေးလို့ တကယ်အဆင်ပြေရဲ့လား"
"ပြေတယ်၊ ငါ Taxi ငှားလိုက် မယ်၊ သွားစရာရှိလို့"
ဖုန်းချပြီး Taxi ငှားကာ လေဆိပ်မှထွက်ခဲ့လိုက်သည်။ PP ကြောင့်သာ အလုပ်တွေအမြန်ဖြတ်ပြီး ပြန်လာခဲ့ခြင်းဖြစ်သောကြောင့် အရင်ဆုံး PP ဆီကိုသွားရမည်။ PP ကို surprise ဖြစ်စေချင်သောကြောင့် ဘာမှကြိုမပြောထား၊ လက်ဆောင် ၀ယ်လာသော bracelet လေးကို ခဏထုတ်ကြည့်ပြီး ပြုံးကာ ပြန်သိမ်းထားလိုက်သည်။
-------------
"PP, ဘာစားချင်လဲ စဥ်းစားလို့ရပြီလား"
"imm......ဒေါ်လေး အဆင်ပြေတာသာချက်ပါ၊ P ကဒေါ်လေးချက်ရင်အကုန်ကြိုက်တယ်၊ ဒါပေမယ့် အချိုပွဲအတွက် strawberry ice cream တော့ ပါရမယ်၊ ဟဲဟဲ"
PP က အားရပါးရပြောနေသော်လည်း ဒေါ်လေးဖြစ်သူက PP အနောက်ဖက် တစ်နေရာကိုစိုက်ကြည့်ကာ PP စကားများကို အာရုံမရောက်။
"Lamai...."
"ဟင် Lamai?"
ဒေါ်လေးပါးစပ်ကထွက်လာသော နာမည်ကြောင့် ဒေါ်လေး စိုက်ကြည့်နေသော အနောက်ဖက်သို့ PP လှည့်ကြည့်လိုက်သည်။
"Khun"
ဖြစ်ချင်တော့ PP လှည့်ကြည့်သည့်အချိန်တွင် Khun က သူ့အမေနောက်ကိုလိုက်ရင်း PP ရှိရာဘက်သို့ လှည့်ကြည့်မိလိုက်ရာ Khun ကလည်း မလှမ်း မကမ်းက PP ကို တွေ့သွားသည်။
"ဟင် PP"
Khun က PP အနားသို့လျှောက်လာပြီး Khun အမေကလည်း Khun နောက်ကပါလာသည်။ PP ဒေါ်လေးဖြစ်သူ Wan ကတော့ PP နှင့် Khun တို့သိနေကြသည်ကို အံ့ြသနေသည်။
YOU ARE READING
Mr. Handsome is My Daddy
FanfictionCover pic by @MaYa__H Unicode ကျွန်တော်တို့ဇာတ်လမ်းရဲ့အစမှာ ဝီစကီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်ရယ်၊ အသည်းကွဲသီချင်းတစ်ပုဒ်ရယ်...... လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားဖို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် တစ်နေ့မှာ မြင်မြင်ချင်းချစ်မိသွားရလေ...