0 // Prologue

8.1K 357 23
                                    



"နင့်ဘဝမှာ ဘယ်အရာကအကြီးမားဆုံး စိန်ခေါ်မှုလဲ"

"Level 4 English ငါအဲ့တာကို ၄ခါဖြေပြီးမှ အောင်တာ"

"နင့်ရည်မှန်းချက်က အဲ့ထက်ပိုမြင့်နိုင်တယ်လေ နည်းနည်းပို ယုတ္တိရှိစမ်းပါ ငါ့ Magazineကိုဖတ်တဲ့သူတွေက ကျောင်းသားအရွယ်လေးတွေပဲ သူတို့အပေါ် နင့်ရဲ့ လွှမ်းမိုးနိုင်မှုကိုလည်း ခေါင်းထဲထည့်ထား"

"ဒါဆို Level 6 English စာမေးပွဲခန်းထဲတောင်မဝင်ရဲဘူး"

တက္ကသိုလ်တုန်းက Level 6 Englishစာမေးပွဲအကြောင်း နောင်တအပြည့်နဲ့ပြောဆိုနေတဲ့ စစ့်နျန်ကို သူမအရှေ့ကလူက သည်းခံမှုတွေကုန်ဆုံးသွားတဲ့ပုံနဲ့

"စစ့်နျန် နင်ငါနဲ့ရန်ဖြစ်ချင်နေတာလား သတိထားမဟုတ်ရင် ငါနင့်ကိုဒီလောကထဲကနေ ဖယ်ထုတ်ထားလိုက်မယ်"

"..."

"ငါဖော်ပြချင်တဲ့အကြောင်းအရာက မင်းရဲ့ Englishကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လမ်းတိုင်းက အောင်မြင်မှုကို ဦးတည်နေတယ် အဲ့လို"

စစ့်နျန် TVရှေ့မှာထိုင်ပြီး အောက်စက်ခွေကိုကြည့်နေတယ် အခုရက်ပိုင်း ရှန်းဝေ့ကြွယ်တစ်ယောက် အခွေကြည့်ရတာကို စွဲလန်းနေပြီး ဆိုးတာက အဲ့စွဲလန်းမှုကို မျှဝေရမယ့်လူမရှိတာပဲ အဲ့လိုနဲ့ သူမ စီနျန်ကို အပတ်တိုင်း အခွေတွေပို့ပေးနေပြီး သူမပါ အဲ့လိုဖြစ်လာအောင် သိမ်းသွင်းလို့နေတယ် DVDထက်တော့ပုံရိပ်ထွက်ကောင်းတာမှန်ပေမယ့် သူမ အတွက်တော့ အဲ့အကျိုးတစ်ခုပဲရှိသလို...

လျှိုရှ နောက်ဆုံးတော့ အရှုံးပေးလိုက်ပြီး သူမရဲ့ မေးခွန်းကိုပြောင်းလိုက်ရတယ်

"နင်ဘာလို့ ချင်းရိဖန့်ဟိုးဆိုတဲ့ နာမည်ပြောင်ကိုသုံးတာလဲ "

[ချင်းရိဖန့်ဟိုး =မီးလောင်လွယ်ခြင်း]

"နင်ငါ့ရဲ့ စိတ်ကူးယဉ်မှုကိုရီခွင့်မရှိဘူးနော်...ငါ့ဒိုင်ယာရီထဲမှာရေးထားခဲ့တာ 'ဖြတ်လျှောက်သွားရုံပဲကို ဘာလို့ မီးလောင်လွယ်ရတာလဲ'တဲ့ ငါထင်တာ အဲ့အရာက ခံစားချက်တွေအများကြီးရှိနေတယ်လို့ နာမည်ပြောင်သုံးချင်တော့ အဲ့တာကိုတွေးမိသွားတာပဲ"

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now