1 // အကြွေးတင်နေတယ်

2.4K 296 5
                                    



နောက်ကျပြန်ပြီ

နောက်ဆုံးတော့လည်း နောက်ကျတာပဲ

အိမ်ကထွက်မလာကတည်းက ရောက်မယ့်အချိန်ကို ခန့်မှန်းခဲ့တာတောင် အချိန်မှီမရောက်ပြန်ဘူး

စတူဒီယိုထဲ စစ့်နျန်ဝင်လိုက်တာနဲ့ အရာအားလုံးကအဆင်သင့်ဖြစ်နေပြီ ချန်းချန်က တာဝန်ရှိသူတစ်ယောက်နဲ့ စကားပြောနေတယ်

သူတို့ ဒီတစ်ခါ အာလူးကြော် ကြော်ငြာရိုက်ရမှာဆိုတော့ ချန်းချန်ကိုယ်တိုင်တောင် အာလူးကြော် အနည်းငယ်စားပြီး လိုချင်တဲ့ မျက်နှာအမူအရာကို ခွဲခြမ်းစိတ်ဖြာလို့

ချန်းချန်နဲ့ ချန်ဝမ်က အရင်ကတည်းက သိ​တဲ့လူတွေလို စကားနည်းနည်းပါးပါးပြောပြီးတာနဲ့ ကလူသလိုတစ်ယောက်အာလူးကြော် တစ်ယောက်စားနေတော့တာပဲ

အားဝမ်ရဲ့ ဝင်ငွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ မြင့်တက်လာခဲ့တာ ကြော်ငြာလေးတစ်ခုထဲတင်ကို ၁၀သန်းလောက်ကတော့အေးဆေးပဲ အဲ့တော့ အလိုအလျောက်ပဲ သူမရဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေကလည်း မြင့်တက်လာတော့တာပေါ့ တစ်ခါတုန်းက ဒါရိုက်တာတစ်ယောက် သူမကို ခုန်တဲ့လှုပ်ရှားမှုလေးလုပ်စေချင်တာ ဒါပေမယ့် အဲ့လိုအရာက သူမရဲ့ ပုံရိပ်နဲ့  မလိုက်ဖက်ဘူးဆိုပြီး မျက်နှာကြီးမည်းမှောင်သွားတော့တာပဲ

အခုတော့ ကြည့်လိုက်ပါဦး ခင်မင်တတ်တဲ့ အိမ်နီးချင်းကောင်မလေးကျနေ‌ရော

သူမကို ဝါးပင်ပေါ်တက်ခိုင်းရင်းတောင် ပျော်ပျော်ကြီး သဘောတူလိမ့်မယ်ဆိုတာပြောရဲတယ်

"နာမည်ကျော်ကြားမှုဆိုတာက တကယ် အသုံးဝင်တာပဲနော် "

စစ့်နျန် ဘေးနားက အကူကောင်မလေးက ယူကြုံးမရတဲ့ လေသံနဲ့ပြောလာတယ်။

"ချန်ဝမ်က အလုပ်လုပ်ရခက်တဲ့ သူဆိုပြီးနာမည်ဆိုးနဲ့ကျော်ကြားတယ် အခုများကျတော့ အရမ်းကိုပူးပေါင်းလုပ်ကိုင်ပေးနေပါလား"

စစ့်နျန် ဘာမှမပြောဘဲ တိတ်နေတာတွေ့တော့ ကောင်မလေးက စပ်စပ်စုစုနဲ့

"Miss Jie သူတို့နှစ်ယောက်ကိုကြည့်ရတာအရမ်း ရင်းနှီးသလိုပဲနော် တစ်ခုခု ပတ်သတ်နေလောက်မယ်လို့ ထင်လား"

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now