10 // ရုတ်တရက်ဖြစ်ပေါ်လာတဲ့ သဝန်တိုမှု

1.8K 258 12
                                    



A Beauty's Makup ဇာတ်ကားရဲ့ သရုပ်ဆောင်အားလုံးကိုအတည်ပြုပြီးနောက်မှာတော့ လီရှောင်ချင်က ရုတ်ရုတ်သဲသဲနဲ့ သတင်းစာရှင်းလင်းပွဲကိုပြင်တော့တယ်

ဒီရိုက်ကူးရေးအတွက် လီရှောင်ချင်း အများကြီး ကုန်ကျခံထားတယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲအတွက်ဖိတ်ထားတဲ့ သတင်းမီဒီယာတွေကိုကြည့်တာနဲ့တင် ပြောလို့ရနေပြီ

အရေးကြီးဆုံးကတော့ ရှန်ကျဲ့သရုပ်ဆောင်ဖို့အရွေးခံလိုက်ရတာကိုပဲ

စစ့်နျန်က နာမည်ကြီးတွေရဲ့ ကောလဟာသတွေဘာတွေ စိတ်မဝင်စားပေမယ့် သူငယ်ချင်း လျှိုရှက လူငယ်magazineရဲ့ အက်ဒီတာဖြစ်နေတော့ အတင်းစကားတွေရအောင် သူမကိုဖိအားပေးပြီး တူးဖော်ခိုင်းနေတယ် စစ့်နျန်လည်း မတတ်နိုင်တော့ဘဲ ဘေးလူတွေဆီကနေ မြန်မြန်စကားနှိုက်ပြီး ပြန်ပို့လိုက်ရတော့တာပေါ့

ပြီးတော့ လျှိုရှပြောပြလာတာ ရှန်ကျဲ့က အခုတလော ကောလဟာလတွေထွက်နေတယ်တဲ့ စစ့်နျန်လည်းခဏလောက်စဉ်းစားပြီးတော့

ကောင်းပြီ သူမ ဝန်ခံတယ် ဖွင့်ထုတ်မပြောရင်တောင် ရှန်ကျဲ့က ချန်းချန်ကို တိတ်တခိုးချစ်နေတယ်ဆိုတာ လက်ခံတယ်

သတင်းစာရှင်းလင်းပွဲကို Four Seasonsဟိုတယ်မှာကျင်းပနေပြီး ရှန်ကျဲ့ရဲ့ သဘောထားကြီးမားတဲ့ ဖိတ်ကြားချက်ကြောင့် သူမ သွားဖို့ ရုတ်တရက်ဆုံးဖြတ်လိုက်တယ်

တုံရှောင်က လက်ထောက်ဇာတ်ညွှန်းရေးဆရာဆိုပေမယ့် အခုမှ ပထမဆုံး သတင်းစားရှင်းလင်းပွဲတက်ဖူးတာဆိုတော့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့တောက်ပနေပြီး သူ့idolတွေကိုလိုက်ရှာနေတာပဲ သူပြောပုံအရဆိုရင် ဒီဒရမ်မာမှာပါတဲ့ မင်းသမီးတိုင်းက သူ့idolတွေပဲ...အဲ့လိုနဲ့ စစ့်နျန်ထောင့်နားလေးမှာပဲရပ်နေပြီး သတင်းစာရှင်းလင်းပွဲကိုကြည့်နေရင်း ပျင်းလာတာနဲ့ ခိုးထွက်ဖို့ပြင်ဆင်တော့တယ်

အခုတလော Colaစိတ်ကောက်နေတယ်

ဘာလို့လည်းဆို ချန်းချန်ကအလုပ်ကိုရူးသွပ်လွန်းတော့ စစ့်နျန်လည်း Colaကို အစာပုံမှန်မကျွေးနိုင်ဘူး သန့်ရှင်းရေးလုပ်တဲ့ အန်တီကြီးကိုပဲ Colaကိုတစ်နေ့ သုံးကြိမ်အစာကျွေးပေးဖို့ပဲ အကူအညီတောင်းထားရတယ်အဲ့အကြောင်းချန်းချန်သိသွားတော့ Colaကိုစောင့်ရှောက်ပေးဖို့ Spriteကိုပို့ပေးလိုက်တာပဲ

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now