13 // ပြီးပြည့်စုံစွာကျရှုံးတဲ့သီအိုရီ

2K 296 35
                                    


"မေ့သွားတယ်"

ချန်းချန် အားကိုးရာမဲ့မဲ့နဲ့ဖြေလိုက်ပြီး

"စကားဘယ်နေရာမှာရပ်သွားတာလဲ"

"... ရှန်ဟိုင်းကိုပြန်မယ့်ကိစ္စ"

ဖြစ်နိုင်တာအဲ့တာက စကားစပြတ်သွားတဲ့နေရာမဟုတ်ဘဲ လှုပ်ရှားမှုတွေရပ်သွားတဲ့နေရာထင်တယ်

ချန်းချန်က ဆိုဖာပေါ်ထိုင်လိုက်ပြီး

"ဘာလို့ပြန်မှာလဲ"

စစ့်နျန်ကခုနကဖြစ်သွားတဲ့ကိစ္စအပေါ်အာရုံရောက်နေတော့ ဂရုမစိုက်ဘဲဖြေလာတယ်

"ဇာတ်ညွှန်းအတွက် ရှင်လည်းရေးတဲ့သူထဲမှာပါတာပဲ ပြဿနာတစ်ခုခုရှိရင် ကျွန်မကိုဖုန်းဆက်ပြောလို့ရတယ် ဇာတ်ညွှန်းတစ်ခုလုံးပြောင်းရတာမှမဟုတ်ဘဲကို"

စစ့်နျန်ပြောနေတုန်းမှာပဲ ချန်းချန်က သူမလက်ကိုအားနဲ့ကိုင်လိုက်ပြီး သူ့အပေါ်ဆွဲချနေတယ်

စစ့်နျန် အံ့ဩသွားတဲ့အကြည့်နဲ့

ချန်းချန် ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ

"ကျွန်မထင်တာ ဒါကမဟုတ်သေးဘူး"

နမ်းမယ်ဆိုနမ်း မနမ်းဘူးဆိုရင် ယောင်ဝါးဝါးလုပ်မနေနဲ့...

မပြတ်မသားပတ်သက်မှုကြီးဖြစ်ချင်လို့မရဘူးလေ

စစ့်နျန် ဒေါသတွေထွက်လာသလိုခံစားရပြီး ချန်းချန်လက်ထဲက သူမရဲ့လက်ကိုပြန်ရုတ်လိုက်ချင်ပေမယ့် ချန်းချန်က တင်းတင်းကြပ်ကြပ်ဆွဲထားတုန်း

"ဒီကိုလာ"

"အရင်ဆုံး ဘာလုပ်ချင်လို့လဲဆိုတာပြော"

"ဘာလုပ်ချင်နေလဲဆိုတာမပြောနိုင်ဘူးလား"

...

ချန်းချန် စိတ်ညစ်ညစ်နဲ့ နားထင်ကိုတောင်နှိပ်မိတော့မလိုပဲ

နှစ်ယောက်လုံးက လက်ကိုဆွဲထားတဲ့အနေအထားမှာပဲရှိနေပြီး အချင်းချင်းကြည့်နေကြတယ်

အဲ့တာကရုတ်တရက်ဖြစ်သွားတဲ့ အန္တရာယ်အခြေအနေပဲ

ချန်းချန်လက်ထဲက သူမလက်ကိုပဲပြန်ဆွဲရမလား ဆက်ပြီးပဲငြင်းခုံရမလားတွေးနေတုန်း ချန်းချန်က သူမလက်ကိုဆွဲလိုက်ပြီး သူမကို သူ့ရဲ့ရင်ခွင်ထဲထည့်လိုက်တော့တယ်

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now