2 // အကြွေးတင်နေတယ်

1.9K 272 5
                                    

မိုးသံတွေနဲ့ လူတစ်ယောက် ဖုန်းပြောနေတဲ့ အသံတွေက ရိုးရှင်းတဲ့မေးခွန်းတစ်ခုအောက်မှာ ဖိနှိပ်ခံလိုက်ရတယ်...

"ဒီအတောအတွင်း အဆင်ပြေလား"

အမှန်တိုင်းပြောရရင် စစ့်နျန် ကောင်းကောင်းကြီးကို အဆင်ပြေနေပါတယ် ဘယ်သူမှ ကိုယ့်အချစ်ဦးကိုဆုံးရှုံးသွားတာနဲ့တော့ ဘဝကိုစိတ်ပျက်လက်ပျက်အရှုံးမပေးလောက်ဘူးမလား

ကုန်ဆုံးသွားတဲ့ နှစ်တွေမှာ ကောင်းကောင်းအိပ်တယ် ကောင်းကောင်းစားတယ် တက္ကသိုလ်တောင်တက်ခဲ့ပြီး အလုပ်ခွင်တောင်ဝင်နေပြီ

စစ့်နျန်ရဲ့ စိတ်ထဲမှာ ယောင်ဝါးဝါး အဖြေတွေရှိနေတယ် သူမ အင်တာနက်သုံးခွင့် တစ်နှစ်လောက် အပိတ်ခံလိုက်ရပြီး နောက်ပိုင်း ပြန်သုံးတဲ့အချိန်ကျတော့ သူမရဲ့ဂိမ်းအကောင့်က ဖျက်ချခံလိုက်ရတယ် သူလည်း QQမှာလုံးဝ onlineမဖြစ်လာတော့ဘူး

သူဘယ်တက္ကသိုလ်ကိုတက်ပြီး ဘယ်မြို့မှာရှိနေခဲ့လဲဆိုတာ သူမ မသိခဲ့ရဘူး...ပြောချင်တဲ့ စကားတွေ ထောင်နဲ့ချီနေပေမယ့် အဆုံးသတ်မှာတော့ ပြောနေကျစကားပဲပြောမိလိုက်တယ်

"အဆင်ပြေပါတယ်"

မသဲမကွဲဖြေလိုက်ရင်း သူ့ကိုပြန်မေးလိုက်တယ်

"ရှင်ကော အဆင်ပြေလား"

ကြည့်ပါဦး ကုန်ဆုံးခဲ့တဲ့နှစ်တွေက သူမရဲ့ နုပျိုမှုကို လုယူသွားရုံတင်မကဘဲ ရိုးသားမှုတွေကိုပါ လုယူသွားပါလား

ချန်းချန် စစ့်နျန်ကိုငေးကြည့်လာပြန်တယ်

ချန်းချန်ရဲ့အကြည့်တွေကို ခံစားမိပေမယ့် စစ့်နျန်ကတော့ အခုချိန်ထိ သူ့ကို မကြည့်ရဲသေးဘူး ရုတ်တရက် အေးစက်လာပြီး သူမနှလုံးသားကနာကျင်လာတယ် သူ သူမကိုမုန်းမနေလောက်ပါဘူးနော် အဲ့အချိန်မှာပဲ

"အဆင်ပြေလုနီးနီးပါပဲ"

အဆင်ပြေလုနီးနီး...အဆင်ပြေလုနီးနီး...

အချစ်ဟောင်းတွေ ပြန်ဆုံစည်းတဲ့အခါကျရင် ပုံမှန်အားဖြစ်

"အဆင်ပြေလား"

"ပြေပါတယ်"

"ငါကကောပဲ အဆင်ပြေနေပါတယ်"

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now