3 // အကြွေးတင်နေတယ်

1.7K 280 21
                                    



သူတို့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေ တိုင်ပင်ပြီးနောက်မှာ ချန်းချန်ရဲ့ လေယာဉ်အချိန်က ဒီညဆိုတာသိလိုက်ရတယ် အဲ့တော့ သူ့ခွေးက ဒီညကိုသေချာပေါက် သူမအိမ်လာမှရမှာပေါ့

ဒါပေမယ့် ပြဿနာက သူမရဲ့အိမ်သော့ သူမဆီမှာရှိမနေတာပဲ

ချန်းချန် သူ့ရဲ့အိတ်ကပ်ထဲက ကားသော့ကိုထုတ်လိုက်ချိန်မှာ စစ့်နျန် ပြောလိုက်တယ်

"ရှင့်ခွေးကို ဒီညခေါ်လာချင်လည်းရတယ် ဒါပေမယ့် ကျွန်မကို အချိန်၂နာရီပေးပါလား ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရှိလို့"

ဘာလို့မှန်းမသိပေမယ့် အခုဖြစ်ပျက်နေတာတွေ သူ့ကိုမသိစေချင်ဘူး

ကားတံခါးဖွင့်လိုက်တဲ့အသံလေးထွက်လာတယ်

ချန်းချန် စစ့်နျန်အတွက်တစ်ဖက်ကတံခါးကိုဖွင့်ပေးလိုက်ပြီး

"ဘာလို့လဲ အဆင်မပြေလို့လား"

"အဲ့လိုမဟုတ်ပါဘူး ဒီအတိုင်း ကျွန်မအိမ်မှာ လူနည်းနည်းရှိနေလို့ ရှင်မလာခင် လုပ်စရာရှိတာလုပ်ဦးမယ်"

သူမ Colaကိုလည်း ချော့ရဦးမယ်လေ

ချန်းချန် ကားအထဲဝင်ဖို့ လက်ဟန်လုပ်ပြလိုက်ပြီး

"အဲ့တာဆိုလည်း အိမ်အရင်လိုက်ပို့မယ် တစ်လမ်းထဲပဲဆိုတော့"

သူ့နည်းလမ်းက သူမအတွက်လည်း အဆင်ပြေတယ် သူမကိစ္စတွေရှင်းပြီးရင် သူ့ခွေးလည်း မြန်မြန်လာလို့ရတာပေါ့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံဆိုတော့ ငြင်းမနေတော့ဘူး

ချန်းချန် ကားမောင်းသူဘက်ဆီလျှောက်မသွားခင် စစ့်နျန်ဘက်က ကားတံခါးပိတ်ပေးလိုက်ပြီး ကားစမောင်းတာနဲ့ သီချင်းသံကပြန့်လွင့်လာတယ် တီးလုံးက ငြိမ်အေးပြီး ဂီတာသံလေးနဲ့ ကောင်မလေးတစ်ယောက်က စီနျန် မသိတဲ့ ဘာသာစကားကိုသီဆိုနေတယ်

ဘယ်သီချင်းဆိုတာ သူမ မပြောနိုင်ပေမယ့် အရမ်း ညင်သာတဲ့သီချင်းဆိုတာတော့ သူမသိတယ်

အိမ်ပြန်လမ်းတစ်လျှောက်လုံး နီယွန်မီးတွေက ကားမှန်ဆီဖြာကျလို့နေတယ်

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now