14 // ပြီးပြည့်စုံစွာကျရှုံးတဲ့သီအိုရီ

2K 287 24
                                    



စစ့်နျန် သတိတောင်မထားမိဘဲခြေတစ်လှမ်းနောက်ဆုတ်လိုက်မိတယ်

သူမရဲ့အသက်ရှင်လိုစိတ်ကထွက်ပေါ်လာပြီး

"ဒါရိုက်တာချန်း...မနက်ဖြန်မှဇာတ်ညွှန်းဆွေးနွေးရအောင်လေ?"

မျက်စိပိတ်နားပိတ်နဲ့မသိချင်ယောင်ဆောင်တယ်ဆိုတဲ့ စကားရှိသလားလို့ အဲ့လိုပဲ

ချန်းချန် မျက်မှောင်တွေတွန့်ချိုးသွားပြီး ဘာမှဆက်မပြောလာဘူး

လူတွေအကြည့်‌အောက်မှာ သူမနဲ့သူကတော့ လက်ရှိရှိနေတဲ့နေရာ ကိုယ်စီမှာရပ်နေတုန်းပဲ အဆုံးမှာတော့ စစ့်နျန်ပဲအရှုံးပေးလိုက်ပြီး ဓာတ်လှေကားထဲကထွက်ဖို့ကိုယ့်ကိုဖိအားပေးလိုက်တယ်

ဓာတ်လှေကားတံခါးပိတ်သွားတော့ စစ့်နျန် ချန်းချန်ကိုကြည့်လိုက်ပြီး မဝံ့မရဲမေးလိုက်တယ်

"ဒီည ကို့အခန်းထဲမှာအိပ်ခိုင်းနေတာတော့မဟုတ်ဘူးမလား"

ချန်းချန်ကတိတ်ဆိတ်နေတုန်းပဲ ဟိုတယ်အခန်းသော့ကိုထုတ်လိုက်ပြီး သူ့အခန်းဆီထွက်သွားတယ်

ချန်းချန်ကတိတ်နေလေ စစ့်နျန်စိုးရိမ်လာလေပဲ

သူတကယ်ပဲစိတ်ဆိုးနေတာလား ခုနကသုံကျားသူ့ကိုအရမ်းကပ်နေတာတွေ့လို့ သူမလည်းသူ့ကိုကပ်ပြလိုက်တာ စိတ်လေးနည်းနည်းကောက်ချင်ရုံပဲကို...ကြီးမြတ်လှတဲ့ဒါရိုက်တာချန်းကဒီလောက်တော့သဘောထားမကျဥ်းလောက်ဘူးမလား

ချန်းချန်တံခါးကိုဖွင့်လိုက်ချိန်မှာ စစ့်နျန် လည်ချောင်းရှင်းပြီးတစ်ခုခုပြောဖို့လုပ်လိုက်ပေမယ့် မထင်မှတ်ဘဲ ချန်းချန်ကသူမဘက်လှည့်လာပြီးပွေ့ဖက်လာရင်း

"ဆက်လုပ်မလား"

...

တစ်ခြားလက်တစ်ဖက်နဲ့တံခါးကိုပိတ်ပြီးနောက်မှာ ချန်းချန် သူမကိုအိပ်ရာဆီသယ်လာလိုက်တယ်

သိနေတယ်...

ချန်းချန်ရဲ့လည်တိုင်ကိုချိတ်တွယ်လိုက်ပြီး စစ့်နျန် သူ့ကိုကြင်ကြင်နာနာသတိပေးလိုက်တာ

"ဒါရိုက်တာချန်း မနက်ဖြန်အလုပ်ရှိသေးတယ်နော်"

"အရေးမကြီးဘူး"

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now