15 // စတင်ခြင်းရဲ့ အစပျိုးမှု (END)

4.4K 374 60
                                    



စစ့်နျန် တစ်ကိုယ်လုံးကိုက်ခဲပြီး အခန်းထဲပြန်ရောက်လာတယ် ပြီးတာနဲ့ညနက်တဲ့အထိအိပ်လိုက်တော့တာပဲ

တံခါးအချက်ပေးသံမြည်လာတော့ ကြောင်တောင်တောင်လေးနိုးလာပြီး စောင်ကိုဖက်တစ်ခြားတစ်ဖက်ကိုလှည့်ပြီးအိပ်လိုက်ပြန်တယ်

ဖုန်းမြည်လာတယ် တုန်ခါလာတယ် မြည်လာတယ် တုန်ခါလာပြန်တယ်...

နောက်ဆုံးတော့ဖုန်းကိုကိုင်လိုက်ပြီး မျက်နှာတစ်ဖက်မှာတင်ရင်း

"Hello"

"တံခါးဖွင့်ဦး"

...

"စီနျန်?"

...

ဖုန်းကိုဖက်ရင်းပဲသူမအိပ်ပျော်သွားပြန်တယ်

အိပ်ပျော်သွားတာ တစ်ခန်းလုံးမီးလင်းနေပြီး အစားအသောက်အနံ့လေးရလာချိန်မှ စူးရှတဲ့နာကျင်မှုနဲ့နှိုးထလာတယ် စစ့်နျန်တစ်ယောက် လှုပ်ရှားဖို့တောင်အားမရှိတော့ပေမယ့် ချန်းချန်က သူမကိုစောင်နဲ့ပတ်ပြီးသယ်လာတယ် စစ့်နျန် သူမရဲ့မေးကို ချန်းချန်ပုခုံးပေါ်တင်ပြီး နှာရှုံ့ရင်းပြောလာတယ်

"အနံ့ကလည်း"

မီးကျွမ်းနေသလိုအနံ့ရယ် မြေကြီးအနံ့ရယ်ဆိုတော့ ပြောရရင် တော်တော်ကြီးကိုဆိုးဝါးတဲ့အနံ့ ပဲ

"ဗိုက်ဆာနေမှာစိုးလို့ အဝတ်မလဲဘဲဒီကိုလာလိုက်တာ"

ချန်းချန်က သူမကိုခေါင်းအုံးနဲ့ခံထားပေးပြီး သူရဲ့ကုတ်ကိုချွတ် ဆိုဖာပေါ်ပစ်တင်လိုက်တယ် ပြီးတာနဲ့ သန့်စင်ခန်းထဲဝင်သွားတာပဲ

ရေကျတဲ့အသံကမြန်မြန်ရပ်သွားပြီး

ချန်းချန် မျက်နှာသစ် လက်ဆေးပြီးထွက်လာတယ်

စစ့်နျန်နောက်ဆုံးတော့အသိစိတ်ကပ်သွားပြီ

"ဘယ်လိုဝင်လာတာလဲ"

"ဟိုတယ်ကို ကို့ရဲ့ မှတ်ပုံတင်ပြပြီး ချစ်ရဲ့ခင်ပွန်းလို့ပြောလိုက်တာ"

နောက်ထပ်ခုံတစ်ခုကိုဆွဲလိုက်ပြီး ချန်းချန် စစ့်နျန်ဘေးမှာထိုင်လိုက်တယ် အစားအသောက်တွေကို ဂရုတစိုက်နဲ့စားပွဲပေါ်မှာသေချာစီစဉ်ထားတဲ့ဟင်းတွေထုတ်ပိုးထားတာကို ချန်းချန်တစ်ခုစီလိုက်ဖွင့်ပေးနေတာကိုလည်း စစ့်နျန်ကြည့်နေပြီး တူတစ်စုံသူမကိုကမ်းပေးတာလာကိုလည်းကြည့်နေမိတယ်

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now