12 // ရုတ်တရက်ဖြစ်ပေါ်လာတဲ့ သဝန်တိုမှု

1.8K 282 25
                                    



စစ့်နျန် ချန်းချန်ပေးတဲ့ရေဗူးကိုယူလိုက်ပေမယ့် သောက်ရမလားမသောက်ရမလားဆိုပြီး ရေဗူးကိုကြည့်နေတုန်း

"သောက်လိုက် သောက်လိုက်"

ရှန်ကျဲ့က တိုးတိုးပြောလာတယ်

"ချန်းချန်က အရမ်းအသန့်ကြိုက်တဲ့သူ သူစိတ်ထဲမထားတာဆိုလို့ မင်းပဲရှိတယ် အရင်က ကျွန်တော် အရမ်းချောင်းဆိုးနေလို့ စတူဒီယိုတစ်ခုလုံးမြေလှန်ရှာတာတောင်ရေတစ်ဘူးမတွေ့ဘူး အဲ့အချိန်မှာ သူက ရေကိုတစ်လုတ်ပြီးတစ်လုတ်မော့သောက်နေတာသူကြည့်ပြီးသေချင်စိတ်တောင်ပေါက်လာတယ်"

စစ့်နျန် လည်ချောင်းထဲရောက်ခါနီးနေတဲ့ ရေတောင်ပြန်ထွက်တော့မလိုပဲ

ရှန်ကျဲ့စကားကြောင့် စစ့်နျန်ရဲ့အာရုံတွေလည်းပြောင်းသွားပြီး အသံတိုးတိုးလေးနဲ့

"ကျွန်မသိချင်လို့ ရှင်တကယ် ယောက်ျားလေးကိုစိတ်ဝင်စားတာလား"

ရှန်ကျဲ့ လန့်သွားပြီးမှ ရီမောဖြေလာတယ်

"ကျွန်တော်က မိန်းကလေးကိုသဘောကျတာ 101%မိန်းကလေးကိုပဲ စိတ်ဝင်စားတယ်"

စစ့်နျန် ရှန်ကျဲ့စကားကိုချိန်တွယ်ရင်းမေးလာတယ်

"ဘယ်လိုမိန်းကလေးမျိုးကိုသဘောကျတာလဲ"

"သက်တူရွယ်တူဖြစ်ရမယ် ကျွန်တော်ပြောတာကို နားလည်ရမယ် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်အလုပ်အကိုင်ရှိရမယ်"

ရှန်ကျဲ့ သေသေချာချာတွေးပြီးပြောလာတယ်

"ကျွန်တော့်ကိုနားလည်ပေးနိုင်တဲ့သူဖြစ်ရမယ် မကောင်းတဲ့ မှတ်ချက်တွေကြောင့် ကျွန်တော်နာကျင်ရတဲ့အခါ ပွေ့ဖက်ထားပေးမယ့်သူဖြစ်ရမယ်"

...

"ရှင်က အသက်၃၀ရှိနေပြီမလား သက်တူရွယ်တူကိုသဘောကျတယ်ပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ နူးညံ့တဲ့ မော်ဒယ်တွေကိုမကြိုက်သင့်ဘူးလား"

ချက်ချင်းပဲ ရှန်ကျဲ့ကို နက်နက်ရှိုင်းရှိုင်းလေးစားမိသွားတယ်

ဒါပေမယ့် ရှန်ကျဲ့ပြောလိုက်တဲ့နောက်ပိုင်းစကားတွေကို သေချာတွေးပြီးနောက်မှာ တစ်ခုခုကမဟုတ်သလိုခံစားရတာနဲ့

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now