5 // Cola & Sprite

1.7K 269 6
                                    



"အခုမှရောက်တာလား"

အရမ်း ရုတ်တရက်ဆန်နေလို့ စစ့်နျန် ချန်းချန်ကိုအထဲခေါ်ဖို့ စိတ်ကူးမရှိလေဘူး

နေရခက်ခက်နဲ့ ချန်းချန်ရပ်နေလိုက်ပြီး ကြည်လင်တဲ့အသံနဲ့ ပြောလာတယ်

"ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော့်တိုက်ခန်းကိုပြန်ရောက်နေပြီ အဲ့တာနဲ့ ဒီကိုလာလိုက်တာ"

စစ့်နျန်သူ့ကို ကြည့်နေတုန်းဆိုတာ သတိထားမိပြီး အထဲဝင်ခိုင်းဖို့ မေးဆတ်ပြလိုက်တော့မှ သူမလည်း အသိဝင်သွားပြီး ချန်းချန်အထဲဝင်လို့ရအောင် ဖယ်ပေးလိုက်တယ်

"ပြီးခဲ့တဲ့ရက်က ကျွန်မ Spriteကို အိမ်မွေးတိရစ္ဆာန်ဆိုင်ကိုခေါ်သွားပြီး သန့်ရှင်းခိုင်းလိုက်တာ သူတို့သေချာ လေမမှုတ်ပေးလိုက်ဘူးထင်တယ်"

ပိုင်ရှင်ရောက်နေပြီဆိုမှတော့ သူမ အပြစ်တွေအားလုံးဝန်ခံရတာပေါ့

"ပြီးတော့ ကျွန်မကလည်း ဒီရက်ပိုင်းအလုပ်များနေပြီး ဒီနေ့ အခုလိုပြဿနာဖြစ်မယ်လို့မထင်ထားမိဘူး"

Spriteကလည်း အရမ်းကို ပူးပေါင်းစွာနဲ့ ချောင်းဆိုးပြနေတော့သူမကို တော်တော်ကြီး ရှက်သွားစေလိုက်တယ်

ချန်းချန်က ဆိုဖာပေါ်မှာထိုင်ပြီး

"ဆောင်းဝင်ရင် သူကအမြဲအဲ့လိုပါပဲ ကျွန်တော်တောင် ကျင့်သားရနေပြီ"

"ဖျားနေကျလား"

စစ့်နျန် သူမရဲ့ကြောင်ကိုတွေးမိသွားပြီး

"ကျွန်မရဲ့ ကြောင်လည်းအဲ့လိုပဲ မကြာခဏဖျားတတ်တယ် ဒါပေမယ့် အဲ့တာက သူမကို အိမ်ခေါ်လာတုန်းက ဒဏ်ရာပြင်းထန်နေတာဆိုတော့ အဲ့တုန်းကရဲ့ ဒဏ်ပဲနေမှာ"

ရေသောက်ရင်းနဲ့ ချန်းချန်မေးလာတယ်

"ဒဏ်ရာရတာလား"

စစ့်နျန် သူမရဲ့ ခြေထောက်နားမှာ ပွတ်တီးပွတ်သပ်လုပ်နေတဲ့ Colaကိုချီလိုက်ပြီး

"အင် ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က သတင်းထောက်လေ ပြီးခဲ့တဲ့နှစ်က သူမ တိရစ္ဆာန်တွေကိုနှိပ်စက်ညင်းပန်းတဲ့အကြောင်း သတင်းတင်ပြရတုန်း အဲ့အင်တာဗျူးအတွက် အဖော်လိုက်သွားပေးတာ အဲ့မှာ လူတစ်ယောက်က ဒီကြောင်က အရိုးတွေကျိုးနေပြီး ကုသလို့မရတော့ဘူးလို့ပြောတယ်"

မမေ့ဖျောက်စေလို ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now