Rehearsal Dinner

259 41 19
                                        

မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလို
ခမ်းနားကျယ်ဝန်းတဲ့ မင်္ဂလာခန်းမထဲမှာ
လူတွေအကုန်လုံး အလုပ်ကိုယ်စီနဲ့ ပျားပန်းခတ် လှုပ်ရှားနေကြတယ်

"Wendy.... Wendy ဘယ်ရောက်​နေတာလဲ"

Bogum က အရမ်းကို စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ Seulgi  ကိုမေးတယ်

"သူလမ်းမှာ လာနေပြီပြောတာပဲ"

"ဒီမှာရောက်နေပါပြီ အဲ့လောက်စိုးရိမ်တကြီးဖြစ်မနေစမ်းပါနဲ့"

Seulgiရဲ့ အဖြေအနောက်မှာ တစ်ဆက်တည်း Wendy ရဲ့ မြူးကြွနေတဲ့ အသံထွက်ပေါ်လာတယ်

Wendy က Bogum Seulgi နဲ့ Yeri တို့ရှိနေတဲ့နေရာကို သွားလိုက်ပြီး သူ့ညီမနှစ်ယောက်ကို စာရွက်တစ်ရွက်ကမ်းပေးတယ်

"ပွဲမှာ ဆိုရမယ့် သီချင်းစာသားတွေ"

"ကျေးဇူး Wenwen"
Seulgi က သီချင်းစာရွက်ကိုလှမ်းယူပြီး စာသားကို လေ့ကျင့်ဖို့ တီးဝိုင်းရှိတဲ့နေရာဆီကို Yeri နဲ့ တူတူ ထွက်သွားတယ်

Wendy နဲ့ Bogum နှစ်ယောက်တည်းကျန်နေခဲ့တုန်း

"ဘာလို့နောက်ကျနေတာလဲ Wen"

"Gigi နဲ့ Yerimie အတွက် သီချင်းစာသားကို သေချာလေး လတ်စသတ်ပေးနေတာ သူတို့ကို ပွဲမှာသီချင်းဆိုဖို့ Oppa ပဲပြောထားပြီးတော့ အဲ့တာ သီချင်းရေးပေးဖို့ ညီမဆီလာပြောတာနဲ့ တစ်ညလုံး ထိုင်ရေးနေရတာလေ အိပ်တောင်မအိပ်ရသေးဘူး"

"အာ ဟုတ်သားပဲ ငါ စိတ်လှုပ်ရှားနေတာနဲ့ မေ့နေတာ Sorry ပါဟာ"

"Oppa က ဘာလို့ အဲ့လောက်ဖြစ်ပျက်နေတာလဲ မင်္ဂလာပွဲကမနက်ဖြန်မှဟာကိုအေးဆေးနေစမ်းပါ အသက်လေးဘာလေးဝအောင်ရှုဦး ပြီးတော့ သတို့သမီးလောင်းရော သူက ပိုစိတ်လှုပ်ရှားနေမှာပေါ့ အိမ်ပြောင်းပြီးနေရမှာဆိုတော့"

Wendy က စသလို နောက်သလိုနဲ့ ပေါ့ပေါ့ပါးပါးပဲ ပြောတာကို Bogum က သဘောကျစွာ ရယ်မောလိုက်ပြီး

"အာ ဟုတ်သား ဒါနဲ့ ဝတ်စုံက ဘယ်လို ပုံစံလဲ ငါ့ကိုပြောပြဦး"

"ဘာလို့ ညီမကိုလာမေးနေတာလဲ"

"နင်ပဲ ဝတ်စုံကို မြင်ဖူးထားတာလေ"

It's Never As It SeemsWhere stories live. Discover now