seulgi က wendy ကို အရေးပေါ်အခန်းထဲ ပို့ပြီး အပြင်မှာ စောင့်နေခဲ့ရတယ်
ခဏလောက်ကြာစောင့်ပြီးတော့ yeri ဆီက ဖုန်းဝင်လာခဲ့တယ် သူကိုင်လိုက်တော့ Yeri က အရမ်းစိတ်ပူနေတဲ့အသံနဲ့
"wendy unnie ဘယ်လိုနေသေးလဲ"
လို့မေးတယ်
"အရေးပေါ်ခန်းထဲမှာ အခုထိ အခြေအနေ မသိရသေးဘူး နင် တခြားသူတွေကို ဒီအကြောင်းပြောလိုက်သေးလား"
"ဟင့်အင်း အခုထိမပြောရသေးဘူး"
"ပွဲရော အဆင်ပြေပြေပြီးသွားရဲ့လား"
"အင်း အခုပဲ အကုန်ပြန်ကြတော့မှာ unnie တို့အကြောင်းမေးနေကြတယ် ဘယ်လိုပြောလိုက်ရမလဲ"
Yeri အမေးကြောင့် seulgi သက်ပြင်းချမိပြီး ဒီထက် ဖုံးကွယ်ထားလို့မရတဲ့အခြေအနေဖြစ်နေတာကြောင့်
"appa နဲ့ omma ကို ဖုန်းပေးလိုက် ငါပဲပြောလိုက်ပါ့မယ်"
"gigi နင်နဲ့ wannie တစ်ချိန်လုံးဘယ်ပျောက်နေတာလဲ"
သူတို့အမေရဲ့ စိတ်ပူနေတဲ့ အသံကြောင့် Seulgi လည်း အမှန်အတိုင်းပဲပြောဖို့ ကြိုးစားလိုက်တယ်
"omma အခု သမီးတို့က ဆေးရုံမှာ"
"ဆေးရုံ ဘာ ဘာဖြစ်လို့ဆေးရုံရောက်နေရတာလဲ wannie ရော ဘာလို့ စောစောမပြောရတာလဲ gigi ရယ်"
" အာ ပွဲပြီးတဲ့အထိ စောင့်ပြီးမှ ပြောမလို့ပါ omma စိတ်ပူနေမယ်ဆိုတာ သိပေမယ့် ကိစ္စတွေက ရုတ်တရတ်ကြီး ရှုပ်ထွေးကုန်တာနဲ့..."
"အခုရော ဘယ်လိုလဲ အဆင်ပြေကြရဲ့လား ဘာတွေဖြစ်ကြတာလဲ omma ကို သေချာပြောပြပါဦး"
" အဲ့တာက ဟိုလေ wendy ကလေ..."
seulgi က အဖြစ်အပျက်အားလုံးကို အသေးစိတ်ရှင်းပြလိုက်တယ်
"ဘာ... wannie က ဂျုံမုန့်နဲ့ မတည့်တာ သိရဲ့သားနဲ့ ဘာလို့ စားလိုက်တာလဲ ဒီကလေးကတော့ကွယ်"
"wan အကြောင်းလည်းသိရဲ့သားနဲ့ omma ရယ် သူက အရမ်းအားနာတတ်တာကို ပြီးတော့ irene unnie ရဲ့ ညီမလည်းဖြစ်နေတော့ မျက်နှာမပျက်စေချင်တာနဲ့ သူ့လည်း မငြင်းသာပဲ စားလိုက်တာ နေမှာ"
"ဖြစ်ရလေ wannie ရယ် အခုပဲ appa နဲ့ omma ဆေးရုံကိုချက်ချင်းလိုက်လာခဲ့မယ် wan ကို စောင့်ပေးထားနော် gigi"
VOCÊ ESTÁ LENDO
It's Never As It Seems
RomanceWenrene love story This is the story from AFF. i'm just translator. Original author-rumdum09 #Shina #Mypreciouswenrene
