Irene က အိမ်(Bogum နဲ့ တူတူ Son အိမ်မှာနေနေပါပြီ) ပြန်ရောက်လာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေပြီး Wendyရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရဘူး
ခြံထဲကို ဆင်းတဲ့ တံခါးပွင့်နေတာတွေ့တော့ ပိတ်ဖို့သွားလိုက်မှ Hammock ကို ဖြေးဖြေးချင်းလွှဲပီး မှေးအိပ်နေတဲ့ Wendy ကိုတွေ့လိုက်ရတယ်
အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ ကောင်မလေးကို ငေးစိုက်မကြည့်ပဲ မနေနိုင်ဖြစ်ခဲ့ရတယ် ဘယ်လောက်ထိကြာအောင် စိုက် ကြည့်နေမိလဲ သူ့ကိုယ်သူတောင် မသိမထားမိခဲ့ဘူး
"တစ်ယောက်ယောက် အိပ်နေတာကို စိုက်ကြည့်နေတာက ရိုင်းတယ်ဆိုတာ သိတယ်မလား"
Irene က ရုတ်တရက်ကြားလိုက်ရတဲ့ စကားသံကြောင့် လန့်ပြီး နောက်ဆုတ်လိုက်တော့ ဘေးနားက ခုံနဲ့ တိုက်မိပြီး Wendyအိပ်နေတဲ့ Hammock ကို ဆောင့်မိသွားတယ်
Hammock က နောက်ပြန်လှန်သွားတာကြောင့် အဲ့ပေါ်မှာ အိပ်နေတဲ့ Wendy လည်း မြေပေါ်ကို လိမ့်ကျသွားတယ်
Wendy က နာကျင်သွားလို့ ညည်းညူလိုက်သံကို Irene ကြားတော့မှ ချက်ချင်းထပြီး
မြေကြီးပေါ်မှ လဲနေတဲ့ Wendy ကို ပြေးထူပေးလိုက်တယ်
"တောင်းပန်ပါတယ် ငါ မရည်ရွယ်ပါဘူး နင် အဆင်ပြေရဲ့လား"
Irene က စိုးရိမ်ပြီးမေးတော့ Wendy က မြေကြီးပေါ်က ထလိုက်ပြီး သူ့ရဲ့နာကျင်သွားတဲ့ ဖင်ကို ပွတ်နေပြီး
"ရတယ် ရတယ် ဘာမှ မဖြစ်ဘူး"
ဘာမှမဖြစ်ဘူးပြောတဲ့မျက်နှာက ရှုံ့မဲ့နေတာကြောင့် တော်တော်နာသွားမှန်း Irene ရိပ်မိလိုက်တယ်
Irene က သူ့ကိုယ်သူစိတ်ပျက်နေမိသလို Wendy ရှေ့မှာ ဆက်နေရမလား ထွက်ပြေးရမလား မဝေခွဲတတ်တော့ပဲ နောက်ကို ဆုတ်လိုက်တော့ ခုဏက တိုက်မိတဲ့ ခုံကို ထပ်တိုက်မိပြီး နောက်ပြန်လှန်လဲမလို ဖြစ်တဲ့အချိန်မှာပဲ
Wendy က လျင်လျင်မြန်မြန်နဲ့ သူ့ရဲ့ လက်ကောက်ဝတ်ကို အမိအရဖမ်းဆွဲလိုက်တယ်
Irene လည်း အရှိန်လွန်ပြီး Wendy ကို လှမ်းဖက်လိုက်မိသလိုဖြစ်တော့ Wendy က ကျန်လက်တစ်ဖက်နဲ့ Irene ခါးကိုပါဖတ်ပြီး ထိန်းပေးထားလိုက်တယ်
YOU ARE READING
It's Never As It Seems
RomanceWenrene love story This is the story from AFF. i'm just translator. Original author-rumdum09 #Shina #Mypreciouswenrene
