Wedding dress

594 80 8
                                        

Zawgyi

Irene က Bogum နဲ့ ဝတ်​စုံဝယ်​ဖို့ချိန်းထားတာ​ကြောင့်​ ဆိုင်​မှာ​စောင့်​​နေ​ပေမယ့်​ ချိန်းထားတာထက်​ ဆယ့်​ငါးမိနစ်​​ကျော်​လာတာ​တောင်​ Bogum မ​ရောက်​​သေးတာ​ကြောင့်​ ဖုန်းထပ်​ဆက်​ကြည့်​လိုက်​တယ်

"Hey မလာ​သေးဘူးလား ဆယ့်​ငါးမိနစ်​​တောင်​​ကျော်​သွားပြီ​လေ"

" အင်းပါ ကိုယ်​ သိတယ်​ ဒါ​ပေမယ့်​ အခုအ​ရေးကြီးတဲ့ အစည်းအ​ဝေးရှိလို့ ကိုယ်​အပြင်​ထွက်​လို့မရဘူး"

"ဒါဆို ဘယ်​လိုလုပ်​မှာလဲ တစ်​​ယောက်​တည်း ဝတ်​စုံ​ရွေးဖို့​ကြောင်​​တောင်​​တောင်​ကြီးဖြစ်​​နေမှာ​ပေါ့

"Sorry ပါကွာ ကိုယ်​တကယ်​မရလို့ပာhoney အဆင်​​ပြေတာပဲ ယူလိုက်​​လေ ကိုယ်​သ​ဘော ကျမှာပါ ကိုယ်​​ပြောချင်​တာက honey က
ဘာပဲဝတ်​ဝတ်​လှတယ်​ဆိုတာ ကိုယ်​သိပြီးသားမို့လို့ ကိုယ်​စိုးရိမ်​စရာမရှိဘူး​လေ"

"ဒါ​ပေမယ့်​...."

Irene ပြန်​မ​ပြောနိုင်​ခင်​မှာပဲ Bogum ကဖြတ်​ပြီး

"Sorry hon ကိုယ်​သွားရ​တော့မယ်​ bye"

ပြောပြီး ဖုန်းချသွား​တော့ irene စိတ်​တိုမိတယ်
မင်္ဂလာဝတ်​စုံ​ရွေးဖို့ကို သတို့သားက အလုပ်​အ​ကြောင်းပြပြီး ​မ​ရောက်​လာနိုင်​တာက ဘယ်​​လောက်​​တောင်​စိတ်​ပျက်​ဖို့​ကောင်းလိုက်​လဲ

သက်​ပြင်းသာ အနိုင်​နိုင်​ချပြီး ဘာမှမတတ်​နိုင်ေ တာ့ ဆိုင်​ထဲမှာလှည့်​ပတ်​ကြည့်​​နေရင်း အဆင်​​ပြေ​လောက်​မယ်​ထင်​တဲ့ဝတ်​စုံကို လက်​ညိုးထိုးကာ

"ဒီဝတ်​စုံကိုစမ်းဝတ်​ကြည့်​လို့ရမလား"

ဘေးနားက ဝန်​ထမ်း​ကောင်​မ​လေးကို ​မေး​တော့
ကောင်​မ​လေးက ဝတ်​စုံယူပြီး irene ကို changing room ဆီ ​ခေါ်သွားပြီး ဝတ်​ဆင်​​ပေးတယ်

Dress ကို ဝတ်​ပြီး irene မှန်​ထဲမှာအဆင်​​ပြေမ​ပြေကြည့်​​နေမိတယ်​ သူတကယ်​ကို မ​ဝေခွဲတန်​​တော့ မင်္ဂလာဝတ်​စုံကို သတို့သားမပါပဲ လှမလှ ကိုယ်​တိုင်​ဆုံးဖြတ်​ဖို့က တကယ်​ကို ထူးဆန်း​နေတယ်​​လေ

It's Never As It SeemsDonde viven las historias. Descúbrelo ahora