Lost Necklace

214 37 17
                                        

မနက်ရောက်တော့ Wendyက အရင်ဆုံးနိုးလာခဲ့တယ်
သူမရဲ့မျက်လုံးတွေကို ပွတ်သက်ပြီး လက်ကောက်ဝတ်ကနာရီကိုကြည့်လိုက်တော့ မနက် ခြောက်နာရီဖြစ်နေပြီ

သူအိပ်ရာက ထဖို့ကြံလိုက်ပေမယ့် တစ်ခုခုက ဖိထားသလို ခံစားရတာကြောင့် ကြည့်လိုက်တော့ irene က သူ့ လက်မောင်းပေါ် ခေါင်းတင်ပြီး ကွေးကွေးလေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း...
Wendy က irene မနိုးအောင် အသာထပြီး အားနေတဲ့ လက်တစ်ဖက်နဲ့ ireneရဲ့ ခေါင်းကို ဖြေးဖြေးလေး မရွေ့နေတုန်းမှာပဲ irene ရဲ့ မျက်လုံးတွေပွင့်လာတယ်
Ireneကို wendyကအပေါ်ကနေ အုပ်မိုးထားသလိုဖြစ်တာကြောင့် နှစ်ယောက်သား မျက်နှာအကွာအဝေးက လက်မ အနည်းငယ်လောက်ပဲ ခြားတယ်
တစ်ယောက်နဲ့ တစ်ယောက် စက္ကန့်အနည်းငယ်လောက်စိုက်ကြည့်နေကြပြီးမှ irene က ရုတ်တရတ်ထလိုက်တော့ သူ့ခေါင်းက wendy မျက်နှာနဲ့ ကွက်တိဆောင့်မိပြန်တယ်
Wendy က နာသွားတဲ့ နှာနုရိုးကို လက်နဲ့ အုပ်ပြီး ဘေးကို လဲကျသွားတော့ irene လည်း ကမန်းကတန်းထကာ

"ဟာ sorry နာ... နာသွားလားဟင် နင်ကငါ့ကိုလန့်အောင်လုပ်တာကိုး"

"ဒီအခြေအနေနဲ့ ငါ သတိတောင်လစ်တော့မှာပဲ"

Wendy ရဲ့ ဒရမ်မာတွေကြောင့် irene ပို စိတ်ပူပြီး မျက်နှာကို အုပ်ထားတဲ့ Wendy လက်ကို ဆွဲဖယ်ကာ

"ပြပါဦး တော်တော်နာသွားလား...
ဟင် သွေးတောင်မထွက်ပါဘူး"

"ခဏနေထွက်လာရင် ဘယ်လို လုပ်မလဲ နှာခေါင်းရိုးကအနုဆုံးလေ မသိဘူးလား"

ခပ်တည်တည်နဲ့ စွတ်ဟောက်နေတဲ့ wendy ကြောင့် irene ခေါင်းလေးငုံ့ကာ

"အင်းပါ ငါတောင်းပန်ပါတယ်ဟာ မရည်ရွယ်ပါဘူး မတော်တဆဖြစ်တဲ့ဟာကို"

Irene ပုံစံလေးကို wendy ကြည့်ရင်း သဘောတကျ ပြုံးမိကာ

"သိပါတယ် စတာပါ"

"ဒါနဲ့ နင်က အနားကပ်ပြီးဘာလုပ်တာလဲ"

"လက်မောင်းပေါ် ခေါင်းအုံးထားတာ ဖယ်မလို့လေ irene မနိုးအောင် ဖြေးဖြေးမလိုက်ပေမယ့် နိုးသွားတယ် ဒါနဲ့ ကောင်းကောင်းအိပ်ရရဲ့လား ကြမ်းပြင်ပေါ်အိပ်ရတာ မနာဘူးလား"

It's Never As It SeemsWhere stories live. Discover now