Warm Wen

523 75 13
                                    

Zawgyi

တစ်​​နေ့လုံးပင်​ပန်းခဲ့​တော့ Wendy ကား​မောင်း​နေတုန်း irene အိပ်​​ပျော်​သွားခဲ့တာ အိမ်​​ရောက်​တဲ့အထိ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​နေတုန်း

Wendy က အိပ်​​ပျော်​​နေတဲ့ irene ကို
မ​နှောင့်​ယှက်​ချင်​တာ​ကြောင့်​ အိမ်​​ရောက်​​ရောက်​ချင်း မနှိုး​သေးဘဲ ကားစက်​သတ်​ပြီး
စောင့်​​နေ​ပေးတယ်

တစ်​နာရီ​လောက်​ကြာ​အောင်​ ​စောင့်​​နေ​ပေးပြီးမှ

"Irene... irene... ငါတို့အိမ်​​ရောက်​ပြီ"

Wendy က အသံကိုနှိမ့်​ပြီး ညင်​ညင်​သာသာ​လေး​ပြော​တော့ irene အိပ်​ချင်​မူးတူးနဲ့မျက်​လုံးဖွင့်​ကြည့်​တယ်

Irene ရဲ့အခုပုံစံက အရမ်းချစ်​ဖို့​ကောင်းပြီး က​လေး​လေးနဲ့တူတယ်​လို့ Wendy စိတ်​ထဲ
တွေးမိ​သေးတယ်

"Uhh sorry ငါအိပ်​​ပျော်​သွားတယ်​ ​စောင့်​ရတာကြာပြီလား"

Irene ကပါးစပ်​ကိုအုပ်​ကာ သန်းလိုက်​ပြီး မျက်​လုံးကို​သေချာပွင့်​​အောင်​ ပုတ်​ခတ်​ပုတ်​ခတ်​ ခဏလုပ်​ပြီး ​မေးလိုက်​​တော့

"မကြာပါဘူး အခုမှ​ရောက်​တာ"

"Aww okay ​ကျေးဇူးပါ wendy ya ငါနဲ့တစ်​​နေကုန်​တူတူရှိ​ပေးတဲ့အတွက်​​ပေါ့ တကယ်​ဆို နင်​အဲ့လိုလုပ်​စရာမလိုပဲနဲ့​လေ ငါတကယ်​​ကျေးဇူးတင်​ပါတယ်​"

"ကိစ္စမရှိပါဘူး irene ​ကြောင့်​ ငါလည်း​ပျော်​ခဲ့ရပါတယ်​"

"ဒါဆို ငါ သွား​တော့မယ်​ နင်​လည်း အိမ်​ပြန်​ပြီး ​ကောင်း​ကောင်း နားလိုက်​ပါ"

"Imm good night irene"

Wendy က ပြုံးပြပြီး နှုတ်​ဆက်​တယ်
Irene ကား​ပေါ်က ဆင်းပြီး အိမ်​တံခါးဆီ​လျှောက်​သွားတယ်
irene အိမ်​ထဲဝင်​သွားတဲ့အထိ wendy
စောင့်​ကြည့်​​နေ​သေးတယ်
အိမ်​တံခားပိတ်​သွား​တော့မှ Wendy ကား​မောင်းပြီးထွက်​သွားခဲ့တယ်

Irene အိမ်​ထဲဝင်​ဝင်​ချင်း သူ့အခန်း​ဖော်​ထွက်​လာပြီး

"ဘာလို့ကြာ​နေတာလဲ irene ya.."

"Ahh ဒီ​နေ့ အလုပ်​ရှုပ်​​နေတာ မင်္ဂလာဝတ်​စုံ​ရွေးတယ်​ cake လည်းသွားမှာရတယ်​​လေ"

It's Never As It SeemsWhere stories live. Discover now