Stuck

483 55 19
                                    

Zawgyi

ည ဆယ့်တစ်နာရီထိုးခါနီးလောက်အထိ studio ထဲမှာ wendy တစ်ယောက်တည်း အလုပ်ရှုပ်နေတုန်းပဲ

သီချင်းစာသားနဲ့ သံစဉ်တွေကို အာရုံစိုက်ပြီး ဖန်တီးနေတုန်း တံခါးဖွင့်သံ ကျယ်ကျယ်ကြားလိုက်တော့ လှည့်ကြည့်လိုက်မိတယ်

"ဟင်... irene..."

"နှောက်ယှက်မိသွားလား ဟို... ငါ့ကို လုံခြုံရေးဦးလေးက ဝင်ခွင့်ပေးတာနဲ့ ဒီအတိုင်း ဝင်လာလိုက်တာ"

"အာ... အင်း... ဒါနဲ့ ဒီအချိန်ကြီး ဘာလာလုပ်တာလဲ"

Wendy က မေးတော့ irene က ယူလာတဲ့ ထမင်းဘူးလေးကို မြှောက်ပြပြီး...

"ထမင်းဘူးလာပို့တာ ငါ ဒီနေ့ နင်တို့အိမ်မှာ ညစာစားတယ်လေ ဒါပေမယ့် နင့်ကိုမတွေ့လို့ အဲ့တာ ညစာ မစားရလောက်သေးဘူးထင်လို့"

Irene က အသံဖျော့ဖျော့နဲ့ ပြောတော့ wendy လက်ထဲက ဘောပင်ကို ချလိုက်ပြီး သက်ပြင်းချလိုက်မိတယ်

"ဟို irene က bogum ကြောင့် ငါ့အပေါ် ကောင်းပေးနေတာ သိပေမယ့် အဲ့လောက်မလိုပါဘူး ငါပြောချင်တာက ဒီအချိန်ကြီး မိုးချုပ်နေပြီလေ..."

Wendy က irene ကို အထင်မလွှဲအောင် သေသေချာချာလေးရှင်းပြပေးတယ်

"အင်း ဒါဆို ပြန်တော့မယ်လေ ထမင်းဘူးတော့ ယူထားလိုက်ပါနော်"

Irene က wendy ဘာမှပြန်မပြောခင် ထမင်းဘူးကို စားပွဲပေါ်တင်ပြီး ရုံးခန်းတံခါးကို လှည့်ဖွင့်တော့

"ဟင်...တံခါးက ဘာလို့ ဖွင့်မရတာလဲ"

Wendy က လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးပြီး နှစ်မိနစ်

"တံခါးက ဆယ့်တစ်နာရီထိုးတာနဲ့ auto lock ကျ သွားတာ ဒီတော့..."

"ငါတို့ဒီမှာ ပိတ်မိနေမှာလား"

Irene က အလန့်တကြားမေးတာကို
Wendy က ဘာမှမတတ်နိုင်တဲ့ပုံစံနဲ့ ပုခုံးလေး တွန့်ပြပြီး

"အင်း ကဲ အခု ဒီမှာထိုင်ပါ ကိုယ့်အိမ်လိုပဲ သဘောထားပြီး သက်တောင့်သက်သာနေနော်"

Irene က ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တော့
Wendy ပါ အလုပ်စားပွဲကထလာပြီး irene နဲ့ မျက်နှာချင်းဆိုင်မှာထိုင်ကာ

It's Never As It SeemsWhere stories live. Discover now